၂၇.၉.၂၀၂၅
Written By Thandar
ပရိသတ်ချစ်ခင်မှုကိုများစွာရရှိလာတဲ့ အဆိုတော် ယွန်းမြတ်သူကတော့ ယနေ့ စက်တင်ဘာ ၂၇ ရက်မှာ ကိုယ်ပိုင်သံစဉ် အချစ်သီချင်းမြူးမြူးလေးဖြစ်တဲ့ “သီတင်းကျွတ်ည ရင်ခုန်သံ”သီချင်းလေး ပရိသတ်ကို လက်ဆောင်ပေးသွားမယ်လို့ ဆိုပါတယ်။
“ဒီနေ့ည သီတင်းကျွတ်ည ရင်ခုန်သံဆိုတဲ့ကိုယ်ပိုင်သံစဉ် သီချင်းလေး ထွက်မှာပါ။ သီတင်းကျွတ်အခါသမယလေးမှာ အချစ်သီချင်း မြူးမြူးလေးဆိုဖြစ်တာပါ။ ဒီသီချင်းလေးကို အယွန်း ထူးထူးဆန်းဆန်း မိန်းမသားဆန်ဆန် အက,ကဒ်လေးတွေနဲ့ အကောင်းဆုံးရိုက်ကူးပုံဖော်ထားပါတယ်။ အယွန်းရဲ့ ကိုယ်ပိုင်သံစဉ်သီချင်း ဖြစ်တဲ့အတွက်ကြောင့် ပိုပြီးအားပေးစေချင်ပါတယ်။ သီတင်းကျွတ်ညမှာ ရင်ခုန်အောင်လုပ်သွားတာ ဘယ်သူများ ဖြစ်မလဲဆိုတာကတော့ သီချင်းထွက်ရင်သိရမှာပါ” လို့ အဆိုတော် ယွန်းမြတ်သူက ပြောပါတယ်။
သူမဟာ အချစ်သီချင်းမြူးမြူးလေးဖြစ်တဲ့ သီတင်းကျွတ်ည ရင်ခုန်သံ သီချင်းအသစ်တစ်ပုဒ်တင်ပေးမယ့်အပြင် ကြေညာစရာလေးတခုရှိသေးတယ်လို့ ပရိသတ်ကို အသိပေးလာပါတယ်။
ယွန်းမြတ်သူကတော့ မကြာသေးခင်က အဆိုတော် စန္ဒီမြင့်လွင်နဲ့အတူ သီဆိုထားတဲ့ ခွင့်ပြုပါ သီချင်းသစ်တစ်ပုဒ်လည်း ထွက်ရှိထားသူလည်းဖြစ်ပါတယ်။
ယွန်းမြတ်သူနဲ့ ခင်ပွန်းဖြစ်သူတို့က စက်တင်ဘာ ၂၆ ရက်ကတော့ ချစ်သူသက်တမ်းကတော့ ၁၁ နှစ်ပြည့်ခဲ့ပြီလို့ သိရပါတယ်။
#ယွန်းမြတ်သူ #YoonMyatThu
#သီတင်းကျွတ်ညရင်ခုန်သံ #𝐲𝐨𝐨𝐧𝐦𝐲𝐚𝐭𝐭𝐡𝐮 #MyanmarSinger
#𝐘𝐨𝐨𝐧𝐢𝐞𝐬𝐒𝐮𝐩𝐞𝐫𝐦𝐚𝐜𝐲 #MyanmarCele





