၂၆. ၉. ၂၀၂၅
Translated by Thettant
ထိုင်းနိုင်ငံ၊ ဖူးခတ်မြို့ရဲ့ လူစည်ကားတဲ့ လမ်းမပေါ်က ပစ်ကပ်ကားတစ်စီးရဲ့ နောက်ခန်းမှာ ထိုင်းအမျိုးသမီးနဲ့ လိင်ဆက်ဆံမှုလုပ်ဆောင်ခဲ့တဲ့ အသက် ၂၃ နှစ်အရွယ် ရုရှားနိုင်ငံသား ဂျော်ဂီ (Georgii) ကို လူမြင်ကွင်းမှာ မသင့်လျော်တဲ့ အပြုအမူအတွက် ထိုင်းရဲတပ်ဖွဲ့က စက်တင်ဘာ ၂၅ ရက်မှာ ဖမ်းဆီးခဲ့အပြီး ဒီနေ့ စက်တင်ဘာ ၂၆ ရက်မှာ ဂျော်ဂီရဲ့ လိင်ဆက်ဆံဖော် ထိုင်းအမျိုးသမီးနဲ့ ဒရိုင်ဘာကို ထပ်မံ ဖမ်းမိခဲ့ပါတယ်။
ဒီဖြစ်ရပ်က စက်တင်ဘာ ၂၄ ရက် ဗုဒ္ဓဟူးနေ့ ညနှောင်းပိုင်းအချိန် ဖူးခတ်မြို့နယ်၊ ရပ်ဆာဒါရပ်ကွက်က ချလမ်ပရာကီယာ့တ်လမ်းမကြီးရဲ့ မြို့ပတ်လမ်းပေါ်မှာ ဖြစ်ပွားခဲ့တာပါ။ ဗီဒီယိုထဲမှာ နိုင်ငံခြားသားအမျိုးသားက အဝတ်မပါဘဲ ထိုင်းအမျိုးသမီးတစ်ဦးနဲ့ ဖူးခတ်ရဲ့ အဓိကလမ်းမပေါ် အရှိန်နဲ့မောင်းနှင်နေတဲ့ ကားနောက်ခန်းမှာ လိင်ဆက်ဆံပြခဲ့တာပါ။ အဲဒီအမျိုးသားဟာ ဖြတ်သန်းသွားလာနေတဲ့ ယာဉ်တွေကို ဂရုမစိုက်ဘဲ သူ့ဖြစ်ရပ်ကို မှတ်တမ်းတင်နေတဲ့ ကင်မရာကိုပါ ပြုံးပြနေတာ တွေ့ရပါတယ်။

ထိုင်းရဲတပ်ဖွဲ့ဟာ တရားခံရဲ့ ကိုယ်ရေးအချက်အလက်တွေကို ခြေရာခံပြီးနောက် သူဟာ ဖူးခက်လေဆိပ်ကနေ သုဝဏ္ဏဘူမိလေဆိပ်ကို ထွက်ခွာသွားပြီဆိုတာ သိရှိခဲ့ပါတယ်။ ဖူးခက်မြို့ရဲစခန်းမှူး၊ ရဲမှူးကြီး ချတ္ထရီ ချူကဲလ်က သုဝဏ္ဏဘူမိလေဆိပ်က ဥပဒေစိုးမိုးရေး အဖွဲ့အစည်းများစွာနဲ့ ပူးပေါင်းပြီး တရားခံကို ဖမ်းဆီးဖို့ စီစဉ်ခဲ့ပါတယ်။ စက်တင်ဘာ ၂၅ ရက်၊ နေ့လယ် ၃ နာရီ ၄၅ မိနစ်မှာ ဂျော်ဂီ သုဝဏ္ဏဘူမိလေဆိပ်ကို သူနဲ့ ခရီးသွားဖော် အသက် ၅၈ နှစ်အရွယ် ရုရှားအမျိုးသမီးနဲ့ ရောက်ရှိလာချိန်မှာ ရဲတွေက သူ့ကို ထိန်းသိမ်းခဲ့ပါတယ်။ မေးမြန်းစစ်ဆေးပြီးနောက်မှာ ကားနောက်ခန်းမှာ လိင်ဆက်ဆံနေတာ ဂျော်ဂီဖြစ်တယ်ဆိုတာ အတည်ပြုပြီးနောက်မှာ အာဏာပိုင်တွေက လိုအပ်သလို ဆက်လက် အရေးယူနိုင်ဖို့အတွက် ဂျော်ဂီတစ်ဦးတည်းကို ဖူးခက်မြို့ရဲစခန်းဆီ လွှဲပြောင်းပေးခဲ့ပါတယ်။

Georgii ဟာ လူမြင်ကွင်းမှာ မသင့်လျော်တဲ့ အပြုအမူတွေ ကျူးလွန်မှုနဲ့ ရင်ဆိုင်နေရပြီး ဒီအတွက် ထောင်ဒဏ် တစ်နှစ်အထိပြစ်ဒဏ်၊ ဘတ် ၂၀,၀၀၀ အထိ ငွေဒဏ်၊ ဒါမှမဟုတ် နှစ်မျိုးလုံးကို ချမှတ်ခံရနိုင်ပါတယ်။ ဒါ့အပြင် ဖူးခက်မြို့ရဲစခန်းမှူးက လူဝင်မှုကြီး ကြပ်ရေး အာဏာပိုင်တွေက ဂျော်ဂီရဲ့ ဗီဇာကို ပယ်ဖျက်ပြီး ထိုင်းနိုင်ငံထဲ နောက်ထပ် မဝင်ရောက်နိုင်အောင် အမည်ပျက်စာရင်းသွင်းဖို့ အကြံပြုထားပါတယ်။
ဂျော်ဂီကို ဖမ်းမိပြီးနောက်မှာ စစ်ဆေးပေါ်ပေါက်ချက်အရ သူနဲ့ လိင်ဆက်ဆံတဲ့ ထိုင်းအမျိုးသမီးနဲ့ ကြံရာပါဒရိုင်ဘာကို ထိုင်းရဲတပ်ဖွဲ့က ဆက်လက် စစ်ဆေး ဖမ်းဆီးခဲ့ပါတယ်။
ဂျော်ဂီနဲ့ ကားနောက်ခန်းမှာ ကြိုးတစ်ချောင်းကိုင်ပြီး လိင်ဆက်ဆံခဲ့တဲ့ ထိုင်းအမျိုးသမီးကို ဖူးခက်က ရာဝိုင်မှာ ဖမ်းဆီးနိုင်ခဲ့ပြီး ဂျော်ဂီ့ကို စွဲချက်အတိုင်း အမှုဖွင့်ခဲ့ပါတယ်။ စစ်ဆေးမေးမြန်းမှုအတွင်း ထိုင်းအမျိုးသမီးက သူမဟာ မူလက ပထုန်ဌာနီပြည်နယ်က ဖြစ်ပေမယ့်လည်း လက်ရှိ ဖူးခက်မှာ နေထိုင်ကြောင်းနဲ့ ကားပေါ်မတ်တပ်ရပ် လိင်ဆက်ဆံမယ့် ဗီဒီယိုရိုက်ကူးရာမှာ ပါဝင်ဖို့ ဂျော်ဂီ့ဆီက ဘတ် ၁,၀၀၀ ရရှိခဲ့တယ်လို့ ဝန်ခံ ထွက်ဆိုခဲ့ပါတယ်။

ဒီ စက်တင်ဘာ ၂၆ ရက်မှာပဲ ဖူးခက်မြို့တော် ရဲတပ်ဖွဲ့က ဗီဒီယိုဖိုင်မှာ ပါဝင်တဲ့ အနက်ရောင် ဖို့ဒ် (Ford) ပစ်ကပ်ကားကို မောင်းနှင်ခဲ့တဲ့ အသက် ၂၅ နှစ်အရွယ် ဒုတိယမြောက် ရုရှားအမျိုးသား အဲလက်စ်ကို ဖမ်းဆီးခဲ့ပါတယ်။ ရဲတွေက ယာဉ်ကို သက်သေခံအဖြစ် သိမ်းဆည်းခဲ့ပြီး အဲလက်စ် ကိုတော့ လူမြင်ကွင်းမှာ မတော်မလျော်ပြုမူမှုကို ကူညီမှု၊ အခြားသူတွေရဲ့ အသက်အန္တရာယ်ကို ထိခိုက်စေနိုင်တဲ့ မဆင်မခြင် မောင်းနှင်မှု၊ ညစ်ညမ်းအကြောင်းအရာတွေ ရိုက်ကူးတင်ဆက်မှုကို လွယ်ကူချောမွေ့စေမှုတို့နဲ့ စွဲချက်တင်ထားပြီး စစ်ဆေးမေးမြန်းမှုမှာတော့ အဲလက်စ်က ဂျော်ဂီနဲ့ သိတာ လေးရက်သာ ရှိသေးပြီး ဗီဒီယိုရိုက်ကူးဖို့အတွက် သူ့ကားကို ငှားဖို့ ဂျော်ဂီက ဆွဲဆောင်ခဲ့ကြောင်း ကားငှားခလည်း ပိုက်ဆံမရသေးကြောင်း ထွက်ဆိုခဲ့ပါတယ်။
