၂၅.၉.၂၀၂၅
Written By Min Thet
ထိုင်းနိုင်ငံ၊ မဲဆောက်မြို့နယ်ရှိ ကလေးကစားစရာ ထုတ်လုပ်သည့် စက်ရုံတွင် ပါမစ်မဲ့ မြန်မာအလုပ်သမား ၈ ဦး ဖမ်းဆီးခံရကြောင်း သိရသည်။

ယမန်နေ့ စက်တင်ဘာလ ၂၄ ရက် နံနက် ၁၀ နာရီခန့်က မဲဆောက်မြို့နယ်၊ ဖရထပ်ဖာဒဲင်ကျေးရွာရှိ အဆိုပါ ကလေးကစားစရာ ထုတ်လုပ်သည့် စက်ရုံသို့ ထိုင်းနိုင်ငံ တာဝန်ရှိသူများက ဝင်ရောက်စစ်ဆေးစဉ် ဖမ်းမိခဲ့ခြင်းဖြစ်ကြောင်း မဲဆောက်မြို့လူဝင်မှုကြီးကြပ်ရေးဌာနက ထုတ်ပြန်ထားသည်။

အဆိုပါ စက်ရုံ၌ အလုပ်လုပ်ကိုင်နေသော မြန်မာအလုပ်သမား ၈ ဦးတွင် အလုပ်လုပ်ကိုင်ခွင့်ပါမစ်မရှိသဖြင့် ထိုင်းအာဏာပိုင်များက ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း အဆိုပါ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ယခုအခါ ဖမ်းဆီးခံရသူ မြန်မာအလုပ်သမားများအား မဲဆောက်ရဲစခန်းသို့ ပို့ဆောင်ထားပြီး ထိုင်းဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
Photo by Tak Immigration
