၂၄. ၉. ၂၀၂၅
Written by Nyein Kyaw
ဗဟိုဘဏ်မှ စက်သုံးဆီလုပ်ငန်းရှင်များအတွက် ဒေါ်လာ ၂၂ သန်း ထပ်မံထုတ်ရောင်းမည်ဖြစ်၍ ယခုဘဏ္ဍာနှစ် ငါးလခွဲကျော်အတွင်း ဒေါ်လာသန်း ၆၈၀ ကျော် ထုတ်ရောင်းပေးထားခဲ့ကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ထုတ်ပြန်ထားသည့် စာရင်းများအရ သိရသည်။
ဗဟိုဘဏ်မှ စက်သုံးဆီလုပ်ငန်းရှင်များအတွက် နိုင်ငံခြားငွေများ ထုတ်ရောင်းပေးခဲ့ရာ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်အစ ဧပြီလတွင် ၉၃ သန်း၊ မေလတွင် ဒေါ်လာ ၈၆ သန်းနှင့် ထိုင်းဘတ်သန်း ၂၀၀၊ ဇွန်လတွင် ဒေါ်လာ ၁၂၅ သန်း၊ ဇူလိုင်လတွင် ဒေါ်လာ ၁၅၃ သန်းနှင့် ဩဂုတ်လတွင် ဒေါ်လာ ၁၂၆ သန်း ထုတ်ရောင်းပေးထားသည်။
ယခု စက်တင်ဘာလအတွင်း ဒေါ်လာလေးကြိမ်ရောင်းချမှုအနေဖြင့် စက်တင်ဘာ ၃ ရက်တွင် ဒေါ်လာသန်း ၃၀၊ စက်တင်ဘာ ၁၀ ရက်တွင် ဒေါ်လာ ၂၂ သန်း၊ စက်တင်ဘာလ ၁၆ ရက်တွင် ဒေါ်လာ ၂၅ သန်းနှင့် စက်တင်ဘာ ၂၃ ရက်တွင် ဒေါ်လာ ၂၂ သန်းဖြင့် စုစုပေါင်းဒေါ်လာ ၉၉ သန်းရောင်းချပေးခဲ့ခြင်းဖြစ်သည်။
ယခုဘဏ္ဍာနှစ် ဧပြီလမှ စက်တင်ဘာလ ၂၃ ရက်အထိ ခြောက်လခန့်တွင် ဗဟိုဘဏ်မှ စက်သုံးဆီလုပ်ငန်းရှင်များအတွက် ဒေါ်လာ ၆၈၂ သန်းနှင့် ထိုင်းဘတ်သန်း ၂၀၀ အထိ ထုတ်ရောင်းပေးထားခဲ့သည်။
ပြည်တွင်း စက်သုံးဆီဈေးကွက်၌ ယနေ့တွင် ဓာတ်ဆီ ၉၂ တစ်လီတာ ၂,၈၉၅ ကျပ်၊ ဓာတ်ဆီ ၉၅ တစ်လီတာ ၂,၉၇၀ ကျပ်၊ ရိုးရိုးဒီဇယ် တစ်လီတာ ၂,၅၇၅ ကျပ်နှင့် ပရီမီယံဒီဇယ် တစ်လီတာ ၃,၁၇၀ ကျပ်ဖြစ်ပေါ်လျက်ရှိသည်။ စက်တင်ဘာလဆန်းနှင့် နှိုင်းယှဉ်ပါက ဓာတ်ဆီတစ်လီတာ ကျပ် ၅၀ ဝန်းကျင် ကျဆင်းခဲ့ပြီး ဒီဇယ်တစ်လီတာ ကျပ် ၃၀ မှ ကျပ် ၄၀ ကြားမြင့််တက်ခဲ့သည်။
