





၂၄.၉.၂၀၂၅
Written By Thandar
လာမယ့် အောက်တိုဘာ ၁၃ ရက်နေ့မှာ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးက ကျင်းပမယ့် ၁၀၅ နှစ်မြောက် မြန်မာ့ရုပ်ရှင်နေ့နဲ့ ၄၈ ကြိမ်မြောက် ရုပ်ရှင်သက်ကြီးပူဇော်ပွဲအတွက် အနုပညာရှင်တွေ ပါဝင်လှူဒါန်းနေလျက်ရှိပါတယ်။
“ကျွန်တော်တို့က ရုပ်ရှင်လောကသားတွေအတွက် ရုပ်ရှင်သက်ကြီးပွဲကို နှစ်စဉ်ကျင်းပခဲ့တာဆိုရင်တော့ ဒီနှစ်က ၄၈ ကြိမ်မြောက်ရှိပါပြီ။ နှစ်စဉ်တစ်ဆက်တည်း ကျင်းပနေကြဖြစ်တဲ့ မြန်မာ့ရုပ်ရှင်နေ့ကဆိုရင်လည်း ၁၀၅ နှစ် မြောက်ရှိပါပြီ။ သက်ကြီးဝါရင့်ပညာရှင်တွေ ဂါဝရပြုကြတာမို့ အနုပညာရှင်တွေရော စေတနာရှင်တွေကလည်း ပါဝင်လှူဒါန်းနေကြတာလည်း ရှိပါတယ်။ ဒီအတွက်လည်း ပီတိဖြစ်ရပါတယ်”လို့ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး ဥက္ကဋ္ဌ ဦးကြည်စိုးထွန်းက ပြောပါတယ်။






အဆိုပါ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးက ၄၈ ကြိမ်မြောက် ရုပ်ရှင်သက်ကြီးပူဇော်ပွဲအတွက် သရုပ်ဆောင် ပိုးမမှီသာက ကျပ် ၅ သိန်း၊ သရုပ်ဆောင် ယွန်းသီရိက ကျပ် ၃ သိန်း၊ သရုပ်ဆောင်ခင်လှိုင် ဇနီးဒေါ်အေးအေးပြုံး မိသားစုက ကျပ် ၃ သိန်း၊ သရုပ်ဆောင် နန်းဆုရတီစိုးက ကျပ် ၃ သိန်း၊ ခွန်သာချို ထုတ်လုပ်ရေးက ကျပ် ၃ သိန်း၊ HUNK Film Production က ကျပ် ၅ သိန်း၊ သုန္ဒြေအောင်၊ ပုဏ္ဏမီအောင်တို့က ကျပ် ၁ သိန်း၊
မဟာထုတ်လုပ်ရေးက ကျပ် ၁၀ သိန်း၊ Bo Bo Film က ကျပ် ၁၀ သိန်း၊ အကယ်ဒမီများရှင် မေသန်းနုက ကျပ် ၃ သိန်း၊ The Ray Film ထုတ်လုပ်ရေးက ကျပ် ၃ သိန်း၊ ဇာတ်ညွှန်းဒီဒီထက်အောင်က ကျပ် ၂ သိန်း၊ သရုပ်ဆောင် လှမျိုးသဉ္ဇာနွယ် (New Face Acting Club) က ကျပ် ၅ သိန်း၊ ကိုသာဂိ (Makeup)က ကျပ် ၁ သိန်း၊ ဒေါ်ဇော်မျိုးနိုင် (Lukas Health Co.,Ltd)က ကျပ် ၂ သိန်း၊ သရုပ်ဆောင် ပိုင်သစ်က ကျပ် ၁ သိန်း၊ YGR(ဖူဆယ် Club)က ကျပ် ၃ သိန်း၊ ကိုအောင်ဇော်+မသဉ္ဇာကြိုင်(Golden AZ Car Showroom)က ကျပ် ၅ သိန်း၊ ကိုရွှေလရောင်(Golden Key Health Spa & Massage)က ကျပ် ၂ သိန်း စသလို ပါဝင်လှူဒါန်းခဲ့ကြပါတယ်။
သက္ကရာဇ် ၁၉၂၀ ပြည့်နှစ် အောက်တိုဘာ ၁၃ ရက်က စတင်ခဲ့တဲ့ မြန်မာ့ရုပ်ရှင်က ၂၀၂၅ ခုနှစ် အောက်တိုဘာ ၁၃ ရက်မှာ ၁၀၅ နှစ်ပြည့်မြောက်မှာလည်းဖြစ်ပါတယ်။
ပြီးခဲ့တဲ့နှစ်က ကျင်းပခဲ့တဲ့ ၄၇ ကြိမ်မြောက် ရုပ်ရှင်သက်ကြီးပူဇော်ပွဲမှာ ကန်တော့ခံသက်ကြီး ၁၅၀ နီးပါးကို ဂါရဝပြု ကန်တော့ခဲ့တာဖြစ်ပြီး ကန်တော့ခံ ရုပ်ရှင်သက်ကြီး ပုဂ္ဂိုလ်အနေနဲ့ အသက် ၇၀ နှစ်အထက်ရှိသူနဲ့ အနုပညာလုပ်သက် သက်တမ်း အနှစ် ၂၀ ရှိသူလည်းဖြစ်ရမှာ ဖြစ်ပါတယ်။
