MT News
၈. ၂. ၂၀၂၂
ရင်ပြင်တော်အကျယ်အဝန်း ၄၃ ပေခန့်သာ ကျယ်ဝန်းသည့် ဆံတော်ရှည်မြတ်မော်တင်စွန်းစေတီအား ဘုရားဖူးလာ ရဟန်းသံဃာ၊ မိဘပြည်သူများ သက်သောင့်သက်သာ ကျယ်ကျယ်ပြန့်ပြန့် ဖူးမြော်နိုင်ရေးအတွက် ရင်ပြင်တော်တိုးချဲ့ခြင်းနှင့် ပြုပြင်မွမ်းမံခြင်းလုပ်ငန်းများ ဆောင်ရွက်နေကြောင်း သိရသည်။
ထိုသို့ ရင်ပြင်တော်တိုးချဲ့ခြင်းနှင့် ပြုပြင်မွမ်းမံခြင်းပြုလုပ်ရာတွင် မဟာမကုဋရံသီ ဆံတော်ရှင်မြတ် မော်တင်စွန်းစေတီတော်ကြီးသည် ရှေးဟောင်းသမိုင်းဝင် စေတီတော်မြတ်ကြီးဖြစ်သဖြင့် ပြုပြင်မွမ်းမံခြင်း၊ ထိန်းသိမ်းခြင်းလုပ်ငန်းများကို ဆောင်ရွက်ရာတွင် ရှေးမူလက်ရာမပျက်စေရေးနှင့် ရေရှည်တည်တံ့စေရေး အလေးထားဆောင်ရွက်ရမည်ဖြစ်ကြောင်း ယမန်နေ့တွင် မြတ်မော်တင်စွန်းစေတီတော်မြတ်ကြီးထံ သွားရောက်ဖူးမြော်နေသည့် SAC ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က မှာကြားခဲ့သည်ဟုလည်း သိရသည်။
ထို့ပြင် ပြုပြင်မွမ်းမံမှုများ ဆောင်ရွက်ရာတွင် လုပ်ငန်းဆောင်ရွက်မှု မှတ်တမ်းများကို စနစ်တကျ မှတ်တမ်းပြုစုထားရှိရန်လိုကြောင်း၊ လုပ်ငန်းစဉ်များအလိုက် စနစ်တကျဖြင့် ဆောင်ရွက်သွားရန်လိုသကဲ့သို့ ရေရှည်မျှော်တွေး၍ တွက်ချက်ဆောင်ရွက်ကြစေလိုကြောင်း၊ သဘာဝဘေးအန္တရာယ်ကြောင့် ဖြစ်ပေါ်လာနိုင်မည့် အခြေအနေများကိုလည်း တွက်ချက်ဆောင်ရွက်သွားရန်လိုကြောင်း၊ စေတီတော်မြတ်ကြီး၏ မူလအတိုင်း ကြည်ညိုသပ္ပါယ်မှုရှိစေရေးကိုလည်း မထိခိုက်စေရန်လိုကြောင်းလည်း မှာကြားခဲ့သည်ဟု သိရသည်။