နေမိုး
၁၈. ၉. ၂၀၂၅
ဇီးကုန်းရဲစခန်းကို PDF တွေက မနေ့က နေ့လယ်ပိုင်းမှာ ဝင်ရောက် စီးနင်းပြီး ရဲတပ်ဖွဲ့ဝင်ခြောက်ဦးကို သတ်ဖြတ်လိုက်သလို ဗိုက်ကြီးသည်နဲ့ ကလေးငယ်တွေကိုပါမချန် သုံပန်းအဖြစ် ဖမ်းဆီးကာ ရဲစခန်းကိုပါ မီးတင်ရှို့သွားခဲ့ကြတယ်လို့ ကျူးလွန်တဲ့ PDF အဖွဲ့တွေထဲက တစ်ခုဖြစ်တဲ့ ဓူဝံပြည်သူ့ကာကွယ်ရေးအဖွဲ့ – ရေဦးက ဝန်ခံထားပါတယ်။

မနေ့က စက်တင်ဘာ ၁၇ ရက် နေ့လယ် ၃ နာရီခန့်မှာ ကန့်ဘလူမြို့နယ်၊ ဇီးကုန်းမြို့ရဲစခန်းကို NUG ဩဇာခံ ကန့်ဘလူခရိုင်ပကဖစစ်ကြောင်းက ဦးဆောင်ပြီး ရေဦးဓူဝံပကဖနဲ့ နယ်မြေခံပကဖတွေ ပူးပေါင်းစီးနင်းခဲ့ရာမှ ရဲအရာရှိ ၂ ဦးအပါအဝင် ၆ ဦးသေဆုံးပြီး ရဲအရာရှိ ၂ ဦး၊ တပ်သား ၂ ဦး၊ ကိုယ်၀န်သည်အပါအဝင်အမျိုးသမီး ၂ ဦးနဲ့ ကလေးငယ် ၂ ဦးအပြင် အချုပ်ခန်းထဲက အကျဉ်းသား ၃ ဦးတို့ကို ဖမ်းဆီးခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် လက်နက်တွေအဖြစ် G 3 ၉ လက်၊ G 4 ၁ လက်၊ MA 15 ၁ လက်၊ ပစ္စတို ၁ လက်တို့ သိမ်းယူခဲ့သလို ဇီးကုန်းရဲစခန်းကိုလည်း PDF တွေက မီးရှို့ခဲ့ကြတာ တွေ့ရပါတယ်။
