၁၈. ၉. ၂၀၂၅
Translated by Thettant
ထိုင်းနိုင်ငံ၊ နွန်ခိုင်ပြည်နယ်တွင် တရုတ်လူမျိုးပိုင် ဂိုဒေါင်တစ်ခု၌ တန်ဖိုး ဘတ် ၁၄ သန်းခန့်ရှိသော မြန်မာ့ပိတောက်သစ်သားပြား (Pterocarpus macrocarpus) အလေးချိန် ၂၈ တန်ခန့်ကို သစ်တော၊ အထူးစုံစမ်းစစ်ဆေးရေးဌာန၊ အကောက်ခွန်နှင့် ရဲအရာရှိများက ယနေ့ ဝင်ရောက်စီးနင်း သိမ်းဆည်းခဲ့သည်။
အမျိုးသားဥယျာဉ်၊ တောရိုင်းတိရစ္ဆာန်နှင့် အပင်ဌာန၏ ညွှန်ကြားရေးမှူးချုပ် Atthaphon Charoenchansa က နွန်ခိုင်ခရိုင်၊ မောင်းမြို့နယ်ရှိ Choen Tai International ကုမ္ပဏီက လုပ်ကိုင်သော သိုလှောင်ရုံတစ်ခုမှ အဖိုးတန်သစ်များကို သိမ်းဆည်းရမိခြင်းသည် ကျယ်ကျယ်ပြန့်ပြန့် စုံစမ်းစစ်ဆေးမှုများ၏ ရလဒ်ဖြစ်ပြီး ယခင်ကလည်း မြောက်ပိုင်းဒေသတွင် သိမ်းဆည်းမှုတစ်ခု ပြုလုပ်ခဲ့ကြောင်း သတင်းမီဒီယာများကို ပြောကြားခဲ့သည်။

၎င်းသစ်များသည် မြောက်ပိုင်းပြည်နယ်များရှိ အမျိုးသားသစ်တောကြိုးဝိုင်းများမှ တရားမဝင် ခုတ်ယူထားခြင်းဖြစ်ပြီး ပစ်ကပ်ကားများဖြင့် နွန်ခိုင်ရှိ ဂိုဒေါင်သို့ ခိုးသွင်းလာခြင်းဖြစ်သည်ဟု ၎င်းက ပြောသည်။
ထို့နောက် အဆိုပါသစ်များကို ကွန်တိန်နာများထဲသို့ ထည့်ကာ ချွန်ဘူရီရှိ လမ်ချဘန်းရေနက်ဆိပ်ကမ်းသို့ ပို့ဆောင်ကာ စျေးကြီးသော သစ်သားပရိဘောဂများအတွက် အဓိကစျေးကွက်များဖြစ်သည့် ဗီယက်နမ် သို့မဟုတ် တရုတ်နိုင်ငံသို့ ခိုးထုတ်ရန် ရည်ရွယ်ထားကြောင်း သိရသည်။
Ref, Thai PBS
