၁၅. ၉. ၂၀၂၅
Written by Nay Moe

NUG ၏ ယင်းမာပင်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) ၏ ဒုတာဝန်ခံ၊ ULF (Union Liberation Front) ၏ စစ်ကြောင်းမှူးနိုင်မင်း ချောင်းမကျေးရွာတွင် တပ်မတော်စစ်ကြောင်းကို တိုက်ခိုက်နေစဥ် Y12 လေယာဥ်က ပစ်ချတိုက်ခိုက်သည့် ဗုံးသီးထိမှန် သေဆုံးသွားခဲ့ကြောင်း သိရသည်။

ဖြစ်စဥ်တွင် NUG ၏ အမှတ်(၁)စစ်ဒေသ၊ ယင်းမာပင်ခရိုင်၊ ယင်းမာပင်မြို့နယ် ပကဖ ULF စစ်ကြောင်းမှ စစ်ကြောင်းမှူး ရဲဘော်နိုင်မင်းသည် ကနီမြို့နယ်၊ ချောင်းမကျေးရွာမှထွက်လာသော တပ်မတော် စစ်ကြောင်းအား အလစ်အငိုက်တွင် ချောင်းမြောင်းကာ ကြားဖြတ်တိုက်ခိုက်နေစဥ် ရှေ့တန်းနေရာမှာ Y 12 ဗုံးသီးချလေယာဥ်မှ အကြိမ်ရေအားဖြင့် (၁၂)ကြိမ် ဗုံးသီးချတိုက်ခိုက်ခဲ့သဖြင့် အဆုတ်ကို ထိမှန်ကာ စက်တင်ဘာ ၁၁ ရက် နေ့လယ် ၁၂ နာရီခွဲတွင် သေဆုံးခဲ့သဖြင့် စက်တင်ဘာ ၁၃ ရက်တွင် သင်္ဂြိုဟ်ခဲ့သည်ဟု သိရသည်။

ULF စစ်ကြောင်းမှူး ရဲဘော်နိုင်မင်း(SGG 1104 00002 ) သည် အသက် ၄၀ ခန့်ရှိကာ ULF စစ်ကြောင်းကို တည်ထောင်သူဟုလည်း သိရသလို အတန်းပညာမတတ်သူဟုလည်း ULF က ဖော်ထုတ်ထားပြီး ၎င်းလိုပင် BPLA ကို တည်ထောင်သူ ကဗျာဆရာမောင်ဆောင်းခက “ကိုနိုင်မင်းကျဆုံးသွားတာက အညာတော်လှန်ရေးအတွက် ကြီးမားတဲ့ဆုံးရှုံးမှုဖြစ်ပါတယ်။ စိတ်မကောင်းကြီးစွာ ဖြစ်ရတယ်ဗျာ။”ဟု ဆိုသည်။




