၁၄. ၉.၂၀၂၅
Translated by Thettant
ထိုင်းနိုင်ငံ၊ ကန်ချနာဘူရီပြည်နယ်၊ စံခလာဘူရီမြို့နယ်၊ နောင်လူရပ်ကွက်၊ ကျေးရွာအမှတ် ၈ ရှိ ကျွဲကောခြံတစ်ခုတွင် ပုန်းအောင်းနေသည့် စစ်ဘေးရှောင် မြန်မာအလုပ်သမား ၇၀ ဦးကို စံခလဘူရီရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များက စက်တင်ဘာလ ၁၄ ရက်နေ့၊ နံနက် ၁၂ နာရီ ၃၀ မိနစ်တွင် ဖမ်းဆီးရမိခဲ့သည်။
ဖမ်းဆီးရမိသူများထဲတွင် အမျိုးသား ၄၈ ဦးနှင့် အမျိုးသမီး ၂၂ ဦး ပါဝင်သည်။

၎င်းတို့အားလုံးတွင် ဝင်ရောက်နေထိုင်ခွင့် စာရွက်စာတမ်း အထောက်အထားများ မရှိသည့်အတွက် တရားမဝင် ဝင်ရောက်မှုနှင့် ခွင့်ပြုချက်မရှိဘဲ ထိုင်းနိုင်ငံတွင် နေထိုင်မှုတို့ဖြင့် စွဲချက်တင်ထားသည်။
၎င်းတို့ကို ကန်ချနာဘူရီလူဝင်မှုကြီးကြပ်ရေးရဲများက မြန်မာနိုင်ငံသို့ ပြန်လည်ပို့ဆောင်ရေးအတွက် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
