၁၃.၉.၂၀၂၅
Written By Thandar
သည်းထိတ်ရင်ဖို မှုခင်း အချစ်ဒရာမာပုံစံ“ရမ္မက်တိမ်တောင်” ဇာတ်လမ်းတွဲမှာ အချစ်ကို ကိုးကွယ်ခဲ့တဲ့ သန့်သီရိကာရိုက်တာနဲ့ ပရိသတ်လက်ခံခဲ့တဲ့အခိုက်အတန့်မှာ ပျော်ခဲ့ရတာမို့ ပြန်ထုတ်လွှင့်ချိန်မှာ ရင်ခုန်ရတယ်လို့ သရုပ်ဆောင် လီလီကျော်ခိုင်က ပြောပါတယ်။
“ဒီကားမှာ လီလီက သန့်သီရိကာရိုက်တာအနေနဲ့ မိန်းကလေးဆန်ဆန်လေး သရုပ်ဆောင်ခဲ့တယ်။ နုနုရွရွလေးနဲ့ အချစ်ကို ကိုးကွယ်တဲ့ကောင်မလေးတစ်ယောက်ပေါ့။ ဒီကားမှာက ကလောက အိမ်ကြီးတစ်အိမ်မှာ အမှတ်တရတွေလည်း များပါတယ်။ စိတ်ဝင်စားရာကောင်းတဲ့ ဇာတ်လေးပါ။ 18 + တွေလည်းပါပါတယ်။ ပထမအကြိမ်ထုတ်လွှင့်ချိန်က သန့်သီရိလို့ အခေါ်ခံရရင် အရမ်းကိုပျော်ခဲ့ရတဲ့ အခိုက်တန့်လေးပါ။ လွန်ခဲ့တဲ့ ၂ နှစ်လောက်က ပရိသတ်တွေ အရမ်းကြိုက်ခဲ့တဲ့ ဇာတ်ကောင်လေးတစ်ခုဖြစ်ခဲ့လို့ ပျော်ခဲ့ရပါတယ်။ ခုပြန်ပြသမယ့် အချိန်မှာ ရင်ခုန်လို့ ပရိသတ်တွေ အားပေးပါဦးလို့ ပြောချင်ပါတယ်”လို့ သရုပ်ဆောင် လီလီကျော်ခိုင်က ပြောပါတယ်။
အဆိုပါ ဇာတ်လမ်းတွဲကို ဇာတ်လမ်း ဇာတ်ညွှန်း လွင်မင်းအံ့၊ ဒါရိုက်တာ သြရသက အရမ်းချစ်ကြတဲ့ သူငယ်ချင်းနှစ်ယောက်ရဲ့ ချစ်ခြင်းကို ယောကျ်ားတစ်ယောက် ဝင်ရောက်နှောင့်ယှက်လို့ ဖြစ်ပေါ်လာတဲ့ အိမ်ထောင်ရေးအဆင်မပြေမှု၊ လူမှုရေးဖောက်ပြန်မှုတွေကို သည်းထိတ်ရင်ဖို မှုခင်းအချစ်ဒရာမာဇာတ်လမ်းပုံစံ ရိုက်ကူးခဲ့တာလည်းဖြစ်ပါတယ်။
သရုပ်ဆောင်တွေဖြစ်တဲ့ ရဲရင့်သော်၊ သံသာမိုးသိမ့်၊ ဇွန်သံစဉ်၊ လီလီကျော်ခိုင်၊ အမ်မလီဘို၊ ဧည့်သည် သရုပ်ဆောင် ကျော်ရဲအောင်၊ ဝေရှိုင်း၊ ညီဂျော်၊ နန္ဒကျော်စွာ၊ မင်းလူနတ်၊ မောင်နိုင်၊ ဖက်တီး၊ အိမ့်ခြူးပွင့်၊ နန်းခမ်းဝါ စတဲ့ အခြားသရုပ်ဆောင်များစွာ ပါဝင်ထားတာဖြစ်ပါတယ်။
“ရမ္မက်တိမ်တောင်”ဇာတ်လမ်းတွဲကို လာမယ့် စက်တင်ဘာ ၁၅ ရက် တနင်္လာကနေ တနင်္ဂနွေနေ့အထိ ၇ ရက်တိုင်တိုင် HEY Play Applicationနဲ့ HEY Play YouTube Channel အပြင် Channel 7 ရုပ်သံလိုင်းမှာ ည ၉ နာရီတိုင်း တနင်္လာကနေ သောကြာနေ့တို့မှာ ပြန်လည်ပြသပေးသွားမှာ ဖြစ်ပါတယ်။
#လီလီကျော်ခိုင် #LLKK #lilikyawkhaing #ZunThanzin #YeYintThaw #HEYPlay #HEYPlayနဲ့ကြည့်မယ် #Channel7 #ရမ္မက်တိမ်တောင်



