၁၂.၁၁.၂၀၂၅
Translated by Htwe Ko Tun
အမေရိကန်ပြည်ထောင်စု၊ ယူတားပြည်နယ်၊ Valley တက္ကသိုလ်ကျောင်းဝင်းအတွင်းမှာ စက်တင်ဘာလ ၁၀ ရက်က ဟောပြောမှုပြုနေတဲ့ ရှေးရိုးစွဲဝါဒီ တက်ကြွလှုပ်ရှားသူ ချာလီကာ့က်ကို ကျောင်းဝင်းအတွင်း အဆောက်အအုံတစ်ခုရဲ့အမိုးပေါ်ကနေ သေနတ်နဲ့ ပစ်ခတ်သတ်ဖြတ်ပြီး ထွက်ပြေးသွားခဲ့သူ သေနတ်သမားရော်ဘင်ဆန်လို့ အမည်သိရသူကို ဖမ်းဆီးမိထားပြီဆိုတာ တာဝန်ရှိသူတွေက စက်တင်ဘာလ ၁၂ ရက်၊ နံနက်ပိုင်းမှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲတစ်ရပ်မှာ ပြောကြားခဲ့ကြပါတယ်။



ရော်ဘင်ဆန် ရဲ့ ဖခင်ဖြစ်သူက FBI က လူသိရှင်ကြားထုတ်ပြန်ခဲ့တဲ့ ဓာတ်ပုံတွေကနေတစ်ဆင့် သူ့သားဖြစ်တာကို ခွဲခြားသိခဲ့သလို ရော်ဘင်ဆန်ကလည်း ဖခင်ဖြစ်သူထံ ကာ့က်ကို သူသတ်ခဲ့တယ်ဆိုတာ ဝန်ခံခဲ့ပါတယ်။
ဒီမှာ ရော်ဘင်ဆန်ရဲ့ မိသားစုက ရဲတပ်ဖွဲ့ဆီ ဖုန်းဆက်အကြောင်းကြားပြီးတော့ ရော်ဘင်ဆန်ကို သူတို့ကိုယ်တိုင် ရဲလက်ကို အပ်ခဲ့တာလို့ သိရပါတယ်။ ရဲတပ်ဖွဲ့ က စက်တင်ဘာလ ၁၁ ရက် ည ၁၀ နာရီခန့်မှာ ရော်ဘင်ဆန်ကို ထိန်းသိမ်းနိုင်ခဲ့တယ်လို့ ဆိုပါတယ်။
ယူတားပြည်နယ်၊ အုပ်ချုပ်ရေးမှူး စပန်ဆာ ကော့စ်က “ကျွန်တော်တို့ ချာလီကာ့က်ကို သတ်သွားခဲ့တဲ့ သေနတ်သမားကိုဖမ်းမိထားပါပြီ” လို့ အတည်ပြုခဲ့ပါတယ်။ တာဝန်ရှိသူတွေကလည်း သေနတ်သမားက အသက် ၂၂ နှစ်ရှိပြီး တိုင်လာရော်ဘင်ဆန်လို့ ခေါ်ကာ ယူတားပြည်နယ်၊ ဝါရှင်တန်မြို့ နေထိုင်သူတစ်ဦးလို့ ပြောခဲ့ကြပါ်တယ်။
စပန်ဆာ ကော့စ်ကက သေနတ်သမားရဲ့မိသားစုဝင်တစ်ဦးနဲ့တွေ့ဆုံမေးမြန်းရာမှာ ရော်ဘင်ဆန်ဟာ အခုနှစ်ပိုင်းတွေမှာ နိုင်ငံရေးကို ပိုလို့စိတ်ဝင်စားလာပြီး သူ့အနေနဲ့ ကာ့က်ကိုမကြိုက်ဘူးဆိုတာလည်း ပစ်ခတ်မှု မလုပ်ခင်က ပြောခဲ့ဖူးတယ်လို့ ဖြေကြားခဲ့တယ်လို့ ဆိုပါတယ်။
စပန်ဆာ ကော့စ်ကက ရော်ဘင်ဆန်ရဲ့ မိသားစုကို မှန်ကန်တဲ့အရာကိုလုပ်ခဲ့လို့ ကျေးဇူးတင်တယ်လို့ ပြောခဲ့ပါတယ်။
Ref- CBS News
