◾ နေပြည်တော်တွင် ရွေးကောက်ပွဲနှင် ပတ်သက်သည့် သတင်းစာရှင်းပွဲအား UEC က ယနေ့ နေ့လယ် ၁ နာရီတွင် ကျင်းပနေ
◾ တစ်သီးပုဂ္ဂလဝင်ရောက်ယှဉ်ပြိုင်မည့်သူများ PR စနစ်ဖြင့် ပြုလုပ်မည့် မဲဆန္ဒနယ်များတွင် ဝင်ရောက်ယှဉ်ပြိုင်ခွင့်မရှိ
၁၁.၉.၂၀၂၅
Written by Nyein Kyaw
၂၀၂၅ ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲဆိုင်ရာ သတင်းစာရှင်းလင်းပွဲအား နေပြည်တော်ရှိ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC) ရုံး၌ ယနေ့ နေ့လယ် ၁ နာရီတွင် စတင်ကျင်းပလျက်ရှိသည်။
သတင်းစာရှင်းလင်းပွဲ ကနဦးပြောကြားမှုများအရ ပထမအကြိမ် ရွေးကောက်ပွဲ မဲဆန္ဒရှင်စာရင်းကို ယခု စက်တင်ဘာလကုန်တွင် ကြေညာပေးမည်ဟု သိရသည်။
ထို့အပြင် တစ်သီးပုဂ္ဂလဝင်ရောက်ယှဉ်ပြိုင်မည့်သူများ PR စနစ်ဖြင့် ပြုလုပ်မည့် မဲဆန္ဒနယ်များတွင် ဝင်ရောက်ယှဉ်ပြိုင်ခွင့်မရှိကြောင်း သိရသည်။
ကော်မရှင်အနေဖြင့် ပြည်ထောင်စုတစ်ဝန်းလုံး မဲဆွယ်စည်းရုံးမည့်ပါတီဝင် ဦးရေနှင့် ရုံးခန်းအရေအတွက်အား ဥပဒေနှင့်အညီ ယခင်ထက် သုံပုံတစ်ပုံလျော့ပေးခဲ့ကြောင်း၊ သတ်မှတ်ရက် စက်တင်ဘာ ၇ ရက်နောက်ဆုံး ထားပေးသွင်းရမည်ဖြစ်သော်လည်း စက်တင်ဘာ ၈ ရက်အထိ စောင့်ဆိုင်းပြီးမှ စက်တင်ဘာ ၉ ရက်နေ့မှသာ နိုင်ငံရေးပါတီ ၄ ပါတီကို မှတ်ပုံတင် ပယ်ဖျက်ကာ ဖျက်သိမ်းခဲ့ခြင်းဖြစ်ကြောင်း UEC ပြောကြားသည်။
သတင်းစာရှင်းလင်းပွဲတွင် ဖြေကြားချက် အပြည့်အစုံအား သတင်းစာရှင်းလင်းပွဲ အခမ်းအနားပြီးဆုံးချိန်တွင် MT News သတင်းဌာနက ဆက်လက် ဖော်ပြပေးမည်ဖြစ်သည်။



