၁၁.၉.၂၀၂၅
translated by Htwe Ko Tun
အမေရိကန်ပြည်ထောင်စုမှာ ရှေးရိုးစွဲဝါဒီ နိုင်ငံရေးသမားတစ်ဖြစ်ပြီး နိုင်ငံအတွင်းရှိ အထက်တန်းကျောင်း၊ ကောလိပ်နဲ့တက္ကသိုလ် ကျောင်းဝင်းတွေမှာ ရှေးရိုးဆန်သော နိုင်ငံရေးဝါဒအတွက် ထောက်ခံအားပေးတဲ့ အကျိုးအမြတ်မယူတဲ့ အဖွဲ့အစည်းတစ်ခုဖြစ်တဲ့ Turning Point USA ကို ပူးတွဲတည်ထောင်သူလည်းဖြစ်တဲ့ ချာလီကာ့က်ဟာ ယူတားပြည်နယ်၊ Valey တက္ကသိုလ် Utah Valley University Utah ကျောင်းဝင်းအတွင်း အခမ်းအနားတစ်ခုမှာ စက်တင်ဘာလ ၁၀ ရက်က သေနတ်နဲ့ ပစ်သတ်ခံရပြီးသေဆုံးခဲ့ရတယ်လို့ သိရပါတယ်။
ယူတားပြည်နယ် အာဏာပိုင်တွေက တက်ကြွစွာ စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်နေတယ်လို့သိရပြီး စစ်ဆေးမေးမြန်းဖို့ ထိန်းသိမ်းထားသူတစ်ဦးကိုလည်း စက်တင်ဘာလ ၁၀ ရက့်ညနေပိုင်းမှာ ပြန်လွှတ်ပေးခဲ့တယ်လို့ သတင်းရင်းမြစ်တွေက CNN သတင်းဌာနကို ပြောခဲ့ကြပါတယ်။
အသက် ၃၁ နှစ်ရှိပြီဖြစ်တဲ့ ကာ့က်ကို တက္ကသိုလ်ရဲ့ Turning Point USA အသင်းမှာ ပါဝင်တဲ့ ကျောင်းသားတွေက ဟောပြောမှုပြုဖို့ ဖိတ်ကြားခဲ့တာပါ။ ကာ့က်က ၂၀၁၂ ခုနှစ်မှာ ပူးပေါင်းတည်ထောင်ခဲ့တဲ့ လူငယ်အဖွဲ့အစည်းဟာ အမေရိကန်နိုင်ငံတစ်ဝန်းမှာ ကောလိပ်အသင်းပေါင်း ၈၀၀ ခန့်ရှိပါတယ်။
ကာ့က်ကို အသက်ဆုံးရှုံးတဲ့အထိ အကြမ်းဖက်သတ်ဖြတ်ခံရမှုကို အမေရိကန်ရဲ့ အဓိက ပါတီကြီးနှစ်ခုစလုံးက ရှုတ်ချမှုတွေ ဖြေမဆည်နိုင်အောင် ဒလဟော ပြုလုပ်ခဲ့ကြပါတယ်။ သမ္မတ ဒေါ်နယ်ထရမ့်ပ်ကလည်း “အမေရိကန်ပြည်ထောင်စု အတွက် အမှောင်လွှမ်းသောနေ့”အဖြစ် သုံးသပ်ပြောကြားကာ နိုင်ငံရေးအကြမ်းဖက်မှုတွေကို ဖြိုခွင်းဖို့ကျယ်ပြန့်တဲ့အစီအစဉ်တစ်ခုကို ကြိုတင်အသိပေးသုံးသပ်ခဲ့တယ်လို့ သိရပါတယ်။
ယူတားပြည်နယ် အုပ်ချုပ်ရေးမှူးကလည်း ကာ့က်ကို သတ်ဖြတ်မှုဟာ နိုင်ငံရေးအကြမ်းဖက်မှုတစ်ရပ်အဖြစ် ပြောခဲ့ပါတယ်။
ပစ်ခတ်သတ်ဖြတ်မှုဖြစ်ပွားအပြီးမှာ ယူတားတက္ကသိုလ်ကျောင်းဝင်းကို ခြောက်နာရီကြာ စစ်ဆေးရှင်းလင်းမှုပြုခဲ့ပါတယ်။ ရဲတပ်ဖွဲ့ကလည်းနယ်မြေအတွင်း ပိုက်စိပ်တိုက်စစ်ဆေးမှုတွေ ပြုနေကာ သေနတ်သမားကို ခြေရာခံရှာဖွေနေကြပါတယ်။
Ref . CNN



