




၁၀.၉.၂၀၂၅
Written By Thandar
ယနေ့ စက်တင်ဘာလ ၁၀ ရက် ညနေပိုင်းက The Best One X The Hidden Cave Grand Opening Ceremony ပွဲအခမ်းအနားကို နာမည်ကြီး အနုပညာရှင်တွေ တက်ရောက်ခဲ့ကြပါတယ်။
“ဒီနေ့ကတော့ The Best One နဲ့ The Hidden Cave ရဲ့ Cafe Whispers ဆိုင်ဖွင့်ပွဲလေး ဖိတ်ကြားလို့ တက်ရောက်ဖြစ်တာပါ။ ဝင်ဝင်ချင်းမှာ Cafe တစ်ခုရဲ့ တင်သွားတဲ့ Vibe တစ်ခုကိုပေးတယ်။ တကယ် ဂူထဲကို ဝင်သွားရတဲ့ စိတ်ထဲမှာ ကြည်လင်အေးဆေးသလို ခံစားရတယ်။ အင်္ကျီလေးတွေက အရမ်း ဈေးလေးတွေ သင့်တင့်တယ်ဆိုတော့ လှလှဝတ်ပြီး ဓာတ်ပုံရိုက်စရာနေရာတစ်ခု တိုးလာတယ်လို့ တွေးမိပါတယ်။ ၅ ဆိုင်မြောက် ဖက်ရှင်ကျကျလေးဝတ်ပြီးရင် ရှိုးလျှောက်မှာပါ။ ဆိုင်သစ်ဖွင့်ပွဲအနေနဲ့ Discount တွေချထားပါတယ်”လို့ မော်ဒယ်လ်အလှမယ် ဒီးက ပြောပါတယ်။





နိုင်ငံကျော်အနုပညာရှင်တွေဖြစ်တဲ့ သင်ဇာဝင့်ကျော်၊ ရတနာမိုင်၊ မော်ဒယ်လ် အလှမယ် Dee ၊ အလှမယ်မြင့်မြတ်မိုး၊ မိတ်ကပ်ခင်စန်းဝင်း၊ သရုပ်ဆောင် Vitamin၊ ဇော်ရှိုင်းထက်၊ Influencer ဟန်နာ စတဲ့သူတွေတက်ရောက်ပြီး ဖဲကြိုးဖြတ်ဖွင့်လှစ်ခဲ့ကြပါတယ်။
အဲဒီနောက် အဆိုတော် ရတနာမိုင်၊ သရုပ်ဆောင် Vitamin ၊ ဇော်ရှိုင်းထက်တို့က တေးသီချင်းတွေ သီဆိုဖျော်ဖြေခဲ့ပြီး Performance တွေ တင်ဆက်ပေးခဲ့ကြပါတယ်။
