◼ စက်တင်ဘာလ ၉ ရက်ဆန္ဒပြမှုများတွင် လူနှစ်ဦးထပ်မံသေဆုံးရာ စုစုပေါင်းသေဆုံးသူ ၂၁ ဦးရှိလာ
၉.၉.၂၀၂၅
Translated by Htwe Ko Tun
နီပေါနိုင်ငံမှာ စက်တင်ဘာ ၈ ရက်က လူကိုးဦးသေဆုံးပြီး ၁၀၀ ကျော်ဒဏ်ရာရခဲ့တဲ့ ဆန္ဒပြမှုတွေက စက်တင်ဘာလ ၉ ရက်မှာလည်း ဆက်လက်ဖြစ်ပွားနေရာမှာ အနည်းဆုံး လူနှစ်ဦးထပ်မံသေဆုံးခဲ့ပြီးနောက် ဝန်ကြီးချုပ် ကေပီ ရှာမာ အိုလီလည်း ရာထူးက နုတ်ထွက်သွားခဲ့တယ်လို့ နောက်ဆုံးသတင်းတွေအရ သိရပါတယ်။
စက်တင်ဘာလ ၉ ရက်မှာ ဆန္ဒပြသမားတွေက ဝန်ကြီးချုပ် ရှာမာ အိုလီရဲ့ အိမ်ကို မီးရှို့ဖျက်ဆီးခဲ့ကြကာ တခြားခေါင်းဆောင်အများအပြားရဲ့အိမ်တွေကိုလည်း ဝင်ရောက်ဖျက်ဆီးခဲ့ကြပါတယ်။ သူတို့က ဝန်ကြီးချုပ်ကို ရာထူးမှနုတ်ထွက်ဖို့ တောင်းဆိုခဲ့ကြတာပါ။ စက်တင်ဘာလ ၉ ရက်မှာ ဆန္ဒပြမှုတွေက တစ်နိုင်ငံလုံး ပျံ့နှံ့ဖြစ်ပွားလာပြီးတဲ့နောက်မှာတော့ မွန်းလွဲပိုင်းမှာ ရှာမာ အိုလီ က ရာထူးမှနုတ်ထွက်သွားခဲ့ပါတယ်။

ဆန္ဒပြမှုတွေအတွင်း စက်တင်ဘာလ ၉ ရက်မှာ နှစ်ဦးထပ်မံသေဆုံးခဲ့လို့ စုစုပေါင်းသေဆုံးသူ ၂၁ ဦးရှိသွားခဲ့ပြီဖြစ်ပါတယ်။
ဆန္ဒပြသမားတွေရဲ့ မီးရှို့မှုတွေကြောင့် ခတ္တမန္ဒူမြို့အတွင်း စက်တင်ဘာလ ၉ ရက်မှာနိုင်ငံရေးသမားတွေရဲ့ အိမ်တွေအပါအဝင် အဆောက်အအုံအတော်များများ မီးလောင်ကျွမ်းကာ မြို့ရဲ့ ကောင်းကင်ယံမှာ မီးခိုးငွေ့တွေ ပြည့်နေတာကိုတွေ့ကြရပါတယ်။

ခတ္တမန္ဒူမြို့ရဲ့ အပြည်ပြည်ဆိုင်ရာလေဆိပ်ကိုလည်း ပိတ်ထားလိုက်ကာ ပြည်တွင်းလေကြောင်းပျံသန်းမှုတွေလည်း ရပ်ဆိုင်းထားတယ်လို့ သိရပါတယ်။
နီပေါအစိုးရက ဆန္ဒပြသမားတွေတောင်းဆိုတဲ့အတိုင်း လူမှုကွန်ရက်တွေ ပိတ်ပင်ထားမှုကို ပြန်လည်ပယ်ဖျက်ခဲ့ပေမယ့် သူတို့က အဂတိလိုက်စားမှုတွေကို ကိုင်တွယ်ဖြေရှင်းဖို့နဲ့ ဝန်ကြီးချုပ်ကိုပါ ရာထူးမှထွက်ပေးဖို့ ဆက်လက်တောင်းဆိုနေကြတာကြောင့် ၀န်ကြီးချုပ် နုတ်ထွက်ခဲ့ရတာပါ။
Ref- BBC
