၉.၉.၂၀၂၅
Written By Thandar
“စတုတ္ထအကြိမ်မြောက် မြန်မာတစ်နိုင်ငံလုံးကိုယ်စားပြု သဘင်သက်ကြီးပူဇော်ပွဲကြီး”မှာ အသက် ၇၅ နှစ်အထက် ဘိုးဘွား ၁,၀၀၂ ဦးအား ကန်တော့ပူဇော်ပွဲကို လာမယ့်စက်တင်ဘာ ၁၈ ရက် မွန်းလွဲ ၂ နာရီမှာ ရန်ကုန်မြို့၊ အင်းစိန်မြို့နယ်၊ မင်းဓမ္မလမ်းရှိ ဗဟိုသဘင်ရုံးသစ်ကြီးမှာ စည်ကားသိုက်မြိုက်စွာ ကျင်းပမှာဖြစ်တယ်။
“ခုကတော့ ကျွန်တော်တို့ ဗဟိုသဘင်ရုံးသစ်ကြီးတည်ရှိတဲ့ မင်းဓမ္မ (အင်းစိန်)မှာ မိုးလုံလေလုံ ယာယီဇာတ်ရုံကြီး ပြီးခဲ့တဲ့ လတွေကတည်းက ဆောက်လုပ်နေတာပါ။ အဘိုးအဘွားတွေနဲ့ ဧည့်သည်တွေရော နားခိုရာနေရာတွေနဲ့ ကျန်းမာရေးကိစ္စတွေအတွက် ရေလောင်းအိမ်သာတွေ ဆောက်လုပ်ဖို့ ဗဟိုသဘင် EC တွေ က နေ့မနား ညမအား ကြိုးစားဆောင်ရွက်ပြီးတော့ အလှူခံတွေလှည့်လည်နေတာလည်းဖြစ်ပါတယ်”လို့ မြန်မာနိုင်ငံ သဘင်အစည်းအရုံး တာဝန်ရှိသူက MT Entertainment ကိုပြောပါတယ်။
အဆိုပါ ကန်တော့ခံပုဂ္ဂိုလ်တွေ စာရင်းကောက်ယူမှုအရ မြန်မာတစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ကန်တော့ခံပညာရှင်ကြီးတွေ ဦးရေ ၁,၀၀၂ ဦးကို နှစ်စဉ်လှူဒါန်းမြဲ စံနှုန်းအတိုင်းမလျော့ဘဲ ပညာရှင်ကြီးတစ်ဦးလျှင် ကျပ် ၁ သိန်းနှုန်းနဲ့ လှူဖွယ်ပစ္စည်းတချို့ကိုလည်း လှူဒါန်းသွားမှာဖြစ်ပါတယ်။ မာမီသက်၊ ငလက်မတို့အဖွဲ့၊ လူရွှင်တော် ကောင်းကျော်၊ ချာလီ၊ လူရွှင်တော် ကြယ်သီး၊ ပတ္တမြားကေခိုင် စတဲ့ သဘင်ပညာသည်တွေက လက်ရှိမှာလည်း နိုင်တဲ့ဘက်က မြို့နယ်အလိုက် သက်ဆိုင်ရာ မန္တလေး၊ ရန်ကုန်၊ တပ်ကုန်းစတဲ့နေရာတွေမှာ အလှူငွေတွေ လှည့်လည်ကောက်ခံနေတာလည်းဖြစ်ပါတယ်။
#သဘင်အစည်းအရုံး
#မြန်မာနိူင်ငံသဘင်အစည်းအရုံးဗဟို
#စတုတ္ထအကြိမ်မြောက်သဘင်သက်ကြီးပူဇော်ပွဲကြီး
#သက်ကြီးသဘင်ပညာရှင်
#မြန်မာနိုင်ငံသဘင်အစည်းအရုံးဗဟို







