၆. ၉. ၂၀၂၅
Written by Nyein Kyaw
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တရုတ်နိုင်ငံ၊ ချန်ဒူးမြိုရှိ China Southwest Architectural Design and Research Institute Corporation (CSWADI) သို့ သွားရောက်လေ့လာခဲ့ကြောင်း သိရသည်။
တရုတ်နိုင်ငံသို့ နိုင်ငံတော်အဆင့် အလုပ်သဘောခရီးစဉ် ရောက်ရှိနေသည့် ယာယီသမ္မတ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဦးဆောင်သည့် မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့သည် ယနေ့ ဒေသစံတော်ချိန် နံနက်ပိုင်းတွင် China Southwest Architectural Design and Research Institute Corporation (CSWADI) သို့ သွားရောက်လေ့လာခဲ့ချိန် CSWADI မှ တာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးမေးမြန်းမှုများ ပြုလုပ်ခဲ့သည်။
ထို့ပြင် ယာယီသမ္မတ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် တရုတ်နိုင်ငံ၊ ချန်ဒူးမြို့တွင် စီးပွားရေးလုပ်ငန်းရှင်များနှင့်လည်း ယနေ့ တွေ့ဆုံသွားမည်ဖြစ်ကြောင်း သိရသည်။







