
MT News
၅. ၉. ၂၀၂၅
Written by Nay Moe
စေတုတ္တရာမြို့မှ စျေးဝယ်ပြီးပြန်လာသည့် နတ်ကြီးကုန်းရွာအုပ်ချုပ်ရေးမှူးနှင့် အမျိုးသားတစ်ဦးကို PDF များက စောင့်ကြို ပစ်ခတ်သတ်ဖြတ်မှုဖြစ်ပွားခဲ့သည်ဟု ပြည်ထဲရေးဝန်ကြီးဌာနက ယနေ့ထုတ်ပြန်သည်။

ဖြစ်စဥ်မှာ ၂၀၂၅ ခုနှစ်၊ စက်တင်ဘာ ၃ ရက် မွန်းလွဲ ၂ နာရီတွင် မကွေးတိုင်းဒေသကြီး၊ စေတုတ္တရာမြို့နယ်၊ ဒွေးကျင်းကျေးရွာအနောက်ဘက် တစ်မိုင်ခန့်အကွာ၌ အမျိုးသား နှစ်ဦး ကျည်ထိမှန် ဒဏ်ရာများဖြင့် သေဆုံးနေကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ပြီး ဖြစ်စဉ်အား စိစစ်ခဲ့ရာ စက်တင်ဘာ ၂ ရက် ညနေ ၄ နာရီတွင် စေတုတ္တရာမြို့နယ်၊ နတ်ကြီးကုန်းကျေးရွာနေ ကျေးရွာအုပ်ချုပ်ရေးမှူးဖြစ်သူ ဦးအောင်တင်ဝင်း (၅၄)နှစ်သည် တစ်ရွာတည်းနေ ဦးတင်အောင်ရင်(၅၈)နှစ်နှင့်အတူ စေတုတ္တရာမြို့မှ ဈေးဝယ်ပြီး နတ်ကြီးကုန်းကျေးရွာသို့ ခြေလျင်ပြန်လာစဉ် ဒွေးကျင်းကျေးရွာနှင့် နတ်ကြီးကုန်းကျေးရွာကြား အရောက်၌ PDF အဖွဲ့ (အင်အားစိစစ်ဆဲ)က သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ် သွားခဲ့သဖြင့် ၎င်းတို့နှစ်ဦးတွင် ကျည်ထိမှန် ဒဏ်ရာရရှိကာ သေဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

MT News
နွေဦးတော်လှန်ရေးစတင်ချိန်မှ ယနေ့အချိန်အထိ ကျောင်းသားကျောင်းသူများအပါအဝင် ကလေးသူငယ် ၂၃၀ ကျော်၊ သံဃာတော် အပါး ၉၀ ကျော်၊ ရပ်ကျေးအုပ်ချုပ်ရေးမှူးနှင့် ဆရာဆရာမ၊ နိုင်ငံ့ဝန်ထမ်း ၁၂၀၀ ခန့်အပါအဝင် ပြည်သူ ၁၀၀၀၀ ခန့်မှာ “ဒလန်၊ သူလျှို၊ သတင်းပေး၊ ပျူစောထီး၊ နစကယန္တရားလည်ပတ်အောင် ပြုလုပ်ပေးသူ” ဆိုသည့် စွပ်စွဲချက်များနှင့် NLD,CRPH, NUG, PDF, EAOs တို့၏ သတ်ဖြတ်မှုကို ခံထားရသည်။
