၅. ၉. ၂၀၂၅
Written by Nyein Kyaw
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ၊ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ယနေ့ ဒေသစံတော်ချိန် ၁ နာရီတွင် တရုတ်နိုင်ငံ၊ ဟာပင်းမြို့မှ စီချွမ်ပြည် ချန်ဒူးမြို့သို့ အထူးလေယာဉ်ဖြင့် ထွက်ခဲ့ကြောင်း သိရသည်။

တရုတ်နိုင်ငံသို့ နိုင်ငံတော်အဆင့် အလုပ်သဘောခရီးစဉ်ရောက်ရှိနေသည့် ယာယီသမ္မတ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဦးဆောင်သည့် မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့အား တရုတ်အစိုးရ အကြီးအကဲများက ဟာပင်းလေဆိပ်သို့ လိုက်ပါပို့ဆောင်ပေးခဲ့ခြင်းဖြစ်သည်။
ယာယီသမ္မတ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဦးဆောင်သည့် မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့သည် စီချွမ်ပြည် ချန်ဒူးမြို့သို့ ဒေသစံတော်ချိန် ညနေ ၄ နာရီခွဲကျော်တွင် ရောက်ရှိမည်ဖြစ်ကြောင်း သိရသည်။

ယာယီသမ္မတ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဦးဆောင်သည့် မြန်မာအဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့အား ချန်ဒူးမြို့လေဆိပ်တွင် တရုတ်နိုင်ငံ ဒုတိယဝန်ကြီးဦးဆောင်သည့်အဖွဲ့ မှ ကြိုဆိုမည်ဖြစ်ပြီး စီချွမ်ပြည်နယ်ပါတီအတွင်းရေးမှူးနှင့်လည်း တွေ့ဆုံဆွေးသွားမည်ဖြစ်ကြောင်း သိရသည်။
