
၁. ၉. ၂၀၂၅
Written by Nyein Kyaw
ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် အခြားကမ္ဘာ့နိုင်ငံ့ခေါင်းဆောင်များနှင့်အတူ ယနေ့ ပြုလုပ်သည့် ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်မှုအဖွဲ့ ထိပ်သီးအစည်းအဝေး-၂၀၂၅ သို့ တက်ရောက်လျက်ရှိကြောင်း သိရသည်။
ယာယီသမ္မတ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် စက်တင်ဘာ ၁ ရက် (ယနေ့) ဒေသစံတော်ချိန် ညနေပိုင်းတွင် တရုတ်နိုင်ငံ တီယန်ကျင်းမြို့၌ ကျင်းပသည့် ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်မှုအဖွဲ့ ထိပ်သီးအစည်းအဝေး (Shanghai Cooperation Organisation – SCO SUMMIT 2025) သို့ နိုင်ငံတကာမှ နိုင်ငံ့ခေါင်းဆောင်များနှင့်အတူ ပါဝင်တက်ရောက်နေခြင်းဖြစ်သည်။

တရုတ်ပြည်သူ့သမ္မတနိုင်ငံ သမ္မတရှီကျင့်ဖျင်၏ ဖိတ်ကြားချက်အရ ယာယီသမ္မတ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် တရုတ်နိုင်ငံ တီယန်ကျင်းမြို့တွင် ကျင်းပမည့် ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်မှုအဖွဲ ထိပ်သီးအစည်းအဝေး (SCO) နှင့် ပေကျင်းမြို့တွင် ကျင်းပမည့် တရုတ်ပြည်သူများ၏ ဂျပန်ခုခံတော်လှန်ရေး စစ်ပွဲနှင့် ကမ္ဘာ့ဖက်ဆစ်ဆန့်ကျင်ရေးစစ်ပွဲ အောင်နိုင်ခြင်းနှစ်(၈၀)ပြည့် အထိမ်းအမှတ် စစ်ရေးပြအခမ်းအနားသို တက်ရောက်ရန် ဩဂုတ်လ ၃၀ ရက်ကတည်းက တရုတ်နိုင်ငံသို့ ရောက်ရှိနေခြင်းဖြစ်သည်။ Photo – One News Myanmar
