
MT News
၃၁. ၈. ၂၀၂၅
အိန္ဒိယဝန်ကြီးချုပ် မိုဒီသည် မြန်မာနိုင်ငံမှ ယာယီသမ္မတ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် တရုတ်ခေါင်းဆောင် ချိုက်ချီ (Cai Qi) တို့နှင့် ထျန်းကျင်းမြို့၌ နှစ်ဖက်တွေ့ဆုံဆွေးနွေးခဲ့ပြီး အိန္ဒိယ-တရုတ်နယ်စပ်တစ်လျှောက် တည်ငြိမ်အေးချမ်းမှုရှိမှသာ ဆက်လက်ဖွံ့ဖြိုးတိုးတက်မှုများ ဆက်လက်လုပ်ဆောင်နိုင်မည်ဖြစ်ကြောင်း အလေးထားပြောကြားခဲ့သည်။
အိန္ဒိယနှင့် တရုတ်နှစ်နိုင်ငံစလုံးသည် နယ်နိမိတ်ဆိုင်ရာကိစ္စများကို အပြန်အလှန်လက်ခံနိုင်ဖွယ်ရှိသော ဖြေရှင်းချက်ရရှိရန် ရည်ရွယ်၍ ၎င်းတို့၏ ပူးပေါင်းဆောင်ရွက်မှုကိုလည်း အတည်ပြုခဲ့သည်။

ဝန်ကြီးချုပ် နာရန္ဒြာ မိုဒီသည် မြန်မာနိုင်ငံ၏ ယာယီသမ္မတ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် တနင်္ဂနွေနေ့က နှစ်နိုင်ငံဆွေးနွေးပွဲကျင်းပခဲ့သည်။ ခေါင်းဆောင်နှစ်ဦးသည် ယနေ့နောက်ပိုင်းတွင် စတင်မည့် SCO ထိပ်သီးအစည်းအဝေးမတိုင်မီ တွေ့ဆုံဆွေးနွေးခဲ့ကြခြင်းဖြစ်သည်။
ခေါင်းဆောင်နှစ်ဦးသည် ပြီးခဲ့သည့်ဧပြီလက ဘန်ကောက်မြို့တွင် ကျင်းပခဲ့သော BIMSTEC ထိပ်သီးအစည်းအဝေး၌ နောက်ဆုံးတွေ့ဆုံခဲ့ကြခြင်းဖြစ်ကာ ကနဦးထုတ်ပြန်မှုတွင်မူ အသေးစိတ်အချက်အလက်များ ပါရှိခြင်းမရှိသေးချေ။
တစ်ဆက်တည်းတွင် မြန်မာအစိုးရသည် ၅ နှစ်နီးပါးအကြာ ကာလအတွင်း ပထမဆုံးအကြိမ်အဖြစ် လာမည့် ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် ရွေးကောက်ပွဲများ စတင်ကျင်းပမည်ဖြစ်ကြောင်း ကြေညာခဲ့သည်။
Ref, The Economic Times
