
နေမိုး
၃၁. ၈. ၂၀၂၅
အမြန်လမ်းပေါ် မကြာခဏတက်ပြီး ခရီးသွားပြည်သူတွေ အသွားအလာအဆင်မပြေအောင် ဒုက္ခပေး တိုက်ခိုက်နေတဲ့ မြင်းခြံ PDF အဖွဲ့ Natogyi People Defence Force အဖွဲ့က PDF လေးဦး ထွက်ပြေးသွားတယ်လို့ သိရပါတယ်။

NUG ဩဇာခံပြီး ခရီးသွားပြည်သူတွေ ဒုက္ခပေးနေတဲ့ Natogyi People Defence Force အဖွဲ့ဖြစ်တဲ့ မြင်းခြံခရိုင် အမှတ် (၄) တပ်ရင်း၊ မြင်းခြံခရိုင် အမှတ် (၁၀)တပ်ရင်း တို့ကနေ ထွက်ပြေးတဲ့ PDF လေးဦးက ရဲဘော် ညိုကြီး (ခ) မျိုးမင်းသိန်း၊ ရဲဘော် မောင်မုတ် (ခ) လွင်ဦး၊ ရဲဘော် ဘစိုင်း (ခ) စိုင်းဇင်ထွန်း၊ ရဲဘော် ဘဂျမ်း (ခ) နိုင်ထွန်း တို့ဖြစ်တယ်လို့ သိရပါတယ်။

ဒီ PDF လေးဦးဟာ မြင်းခြံခရိုင် အမှတ် (၄) တပ်ရင်း၊ မြင်းခြံခရိုင် အမှတ် (၁၀)တပ်ရင်းတို့က ပြည်သူကို ဒုက္ခပေးနေတာ မနှစ်မြို့လို့ တပ်မတော်ထံ အလင်းဝင်သွားတာလို့ ပြောဆိုမှုတွေရှိနေပေမယ့် မြင်းခြံခရိုင် အမှတ် (၄) တပ်ရင်း၊ မြင်းခြံခရိုင် အမှတ် (၁၀)တပ်ရင်းတို့ကတော့ တပ်ပြေးအဖြစ်ကြေညာထားပြီး လက်ခံထားသူတွေပါ ပြစ်ဒဏ်ထပ်တူခံယူရမယ် ကြေညာထားပါတယ်။

