၃၀. ၈. ၂၀၂၅
Written by Nyein Kyaw
တရုတ်နိုင်ငံသို့ ရောက်ရှိနေသည့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ၊ နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် တရုတ်သမ္မတရှီကျင့်ဖျင်နှင့် ယနေ့ ညနေပိုင်းတွင် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။
တရုတ်သမ္မတ၏ ဖိတ်ကြားချက်အရ တရုတ်နိုင်ငံ ထျန်းကျင်းမြို့တွင် ကျင်းပမည့် ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်မှုအဖွဲ့ ထိပ်သီးအစည်းအဝေး (SCO) နှင့် ပေကျင်းမြို့တွင် ကျင်းပမည့် တရုတ်ပြည်သူများ၏ ဂျပန်ခုခံတော်လှန်ရေးစစ်ပွဲနှင့် ကမ္ဘာ့ဖက်ဆစ်ဆန့်ကျင်ရေးစစ်ပွဲ အောင်နိုင်ခြင်းနှစ်(၈၀)ပြည့် အထိမ်းအမှတ် စစ်ရေးပြအခမ်းအနားသို့ တက်ရောက်ရန် ယာယီသမ္မတ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ယနေ့ နံနက်ပိုင်းတွင် နေပြည်တော်မှ ထွက်ခွာခဲ့ပြီး နေ့လယ်ပိုင်းတွင် တရုတ်နိုင်ငံ ထျန်းကျင်းမြို့သို့ ရောက်ရှိနေခဲ့ခြင်းဖြစ်သည်။
ယင်းကဲ့သို့ ရောက်ရှိနေစဉ်အတွင်း ယာယီသမ္မတ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် တရုတ်သမ္မတရှီကျင်ဖျင်တို့သည် ယနေ့ ညနေ ၃ နာရီတွင် သီးခြားတွေ့ဆုံဆွေးနွေးခဲ့ခြင်းဖြစ်ပြီး ဆွေးနွေးချက်အပြည့်အစုံအား သတင်းထုတ်ပြန်ရေးအဖွဲ့မှ ထုတ်ပြန်ချိန်တွင် အပြည့်အစုံ ထပ်မံဖော်ပြပေးသွားဖြစ်ကြောင်း အသိပေးအပ်ပါသည်။
၂၀၁၁ ခုနှစ်မှ ၂၀၂၀ ပြည့်နှစ်အထိ ကာလအတွင်း ယာယီသမ္မတ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် တရုတ်နိုင်ငံသမ္မတ ရှီကျင်းဖိန်တို့သည် ၆ ကြိမ်အထိ တွေ့ဆုံခဲ့မှုများရှိခဲ့သည်။ ယခုတွေ့ဆုံဆွေးနွေးမှုသည် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နောက်ပိုင်း ဒုတိယအကြိမ် တွေ့ဆုံခဲ့ခြင်းဖြစ်ပြီး ပထမအကြိမ်တွေ့ဆုံမှုသည် ၂၀၂၅ ခုနှစ် မေလ ၉ ရက်တွင် ရုရှားနိုင်ငံ၊ မော်စကိုမြို့၌ တွေ့ဆုံဆွေးနွေးခဲ့ခြင်းဖြစ်သည်။
