၂၉.၈.၂၀၂၅
Written By Thandar
Hey Play Application က တကယ့်မှုခင်းဖြစ်ရပ်မှန်ဇာတ်လမ်းကို အခြေခံထားတဲ့ Crime Drama ဇာတ်လမ်းပုံစံ “ပျောက်ဆုံးခြင်း၏ နောက်ကွယ်” ဇာတ်လမ်းတွဲ မီဒီယာမိတ်ဆက်ပွဲအခမ်းအနားကို ယနေ့ ဩဂုတ်လ ၂၉ ရက် နေ့လယ် ၁ နာရီက ရန်ကုန်မြို့ ပြည်လမ်းရှိ Novotel Hotel မှာ ကျင်းပခဲ့ပါတယ်။
“ဒီဇာတ်လမ်းတွဲက အပိုင်း (၁၀) ပိုင်းပါတဲ့ ဒါရိုက်တာအောင်ချမ်းလူ ရိုက်ကူးပေးထားပါတယ်။ ပရိုဂျူဆာကတော့ Picture Power 24 ရဲ့ ပွဲဦးထွက်ဇာတ်ကားလေးပါ။ ဒီကားမှာ ရင်းနှီးပြီးသား သရုပ်ဆောင်တွေအပြင် သရုပ်ဆောင်သစ်လေးတွေလည်း ပါပါတယ်။ ဒီကားက Crime Drama ဇာတ်လမ်းပုံစံလေးမို့ပရိသတ်ကို ဆွဲခေါ်သွားမယ့် အကြောင်းအရာလေးတွေပါပါတယ်။ စက်တင်ဘာ ၁ ရက်မှာပြသမှာမို့ ကြည့်ရှုအားပေးကြဦးလို့ ပြောချင်ပါတယ်”လို့ အကယ်ဒမီ ထွန်းထွန်းက ပြောပါတယ်။





Picture Power 24 Production က အဆိုပါ ဇာတ်လမ်းတွဲကို ဇာတ်ညွှန်း ယင်းမာကျော်ဝင်း၊ ဇာတ်လမ်းနဲ့ ဒါရိုက်တာ အောင်ချမ်းလူက သရုပ်ဆောင်တွေအနေနဲ့ အကယ်ဒမီထွန်းထွန်း၊ ခြူးလေး၊ စနိုးကြည်ဖြူ၊ နေထွဋ်မင်းခေါင်၊ ဟိန်းသန့်ဇင်၊ စူးရှ၊ ပေါက်စီ စတဲ့သူတွေနဲ့ ယခုနှစ်ထဲ ကလော၊ အောင်ပန်းဘက်မှာ ရိုက်ကူးပုံဖော်ခဲ့တယ်လို့ ဆိုပါတယ်။
အပိုင်း (၁၀) ပိုင်းစာပါဝင်မယ့် “ပျောက်ဆုံးခြင်း၏ နောက်ကွယ်” ဇာတ်လမ်းတွဲက စက်တင်ဘာလ ၁ရက် နေ့မှာ စတင်ပြီး HEY Play Application နဲ့ Channel 7 ရုပ်သံလိုင်းတို့က ပြသပေးသွားမှာဖြစ်တယ်လို့ သိရပါတယ်။
