၄. ၂. ၂၀၂၃

Written by Naing Thuta

တပို့တွဲလပြည့်နေ့ ဖေဖော်ဝါရီ ၄ ရက်တွင် မန္တလေးမြို့အတွင်းရှိ ဘုရားစေတီပုထိုးများ၌ ဖူးမြော်ကြည်ညိုကြသည့် ဗုဒ္ဓဘာသာဝင်များ များပြားလျှက်ရှိပြီး အပန်းဖြေနေရာများ၌လည်း စည်ကားသိုက်မြိုက်လျှက်ရှိကြောင်း သိရသည်။

“တပို့တွဲလပြည့်နေ့က ဗုဒ္ဓဘာသာတွေ အထွတ်အမြတ်ထားတဲ့ လတစ်လလည်းဖြစ်တယ်။ ဘာအကြမ်းဖက်မှုမှမရှိတော့ဘဲ ပွဲတော်တွေ အေးအေးဆေးဆေးနဲ့ အရင်လိုပဲပျော်ရွှင်စွာ ပြန်လည်ဆင်နွှဲချင်ပါတယ်”ဟု ဘုရားဖူးလာသည့် ပြည်သူတစ်ဦးက ဆိုသည်။

မန္တလေးမြို့အတွင်းရှိ မဟာမြတ်မုနိဘုရားကြီး၊ မန္တလေးတောင်ဘုရား၊ ကျောက်တော်ကြီးဘုရား၊ စန္ဒာမုနိဘုရား ၊ ကုသိုလ်တော်ဘုရား ၊ ရန်ကင်းတောင်ဘုရား ၊ ကျောက်စိမ်းဘုရား ၊ စွယ်တော်မြတ်ဘုရား၊ အောင်တော်မူဘုရား စသည့်ဘုရားအသီးသီးတို့၌ ဘုရားလာရောက်ဖူးမြော်ခြင်း ၊ ငါးများအား ဘေးမဲ့လွတ်ပေးခြင်းများ ကုသိုလ်ပြုလျှက်ရှိကြသည့်အပြင် အများပြည်သူအပန်းဖြေနေရာများဖြစ်သည့် ရတနာပုံတိရိစ္ဆာန်ဥယျာဉ်၊ သမိုင်းဝင်ဦးပိန်တံတား၊ မြို့တော်ဥယျာဉ်၊ မနော်ရမ္မံကလေးကစားကွင်း စသည့်နေရာများ၌လည်း အလွန်များပြားစွာဖြင့် စည်ကားနေကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *