April 28, 2024

MT News

Photo by Nyein Kyaw

သင်္ဃန်းကျွန်းမြို့နယ်အတွင်းက သမိုင်းဝင်ကျိုက္ကစံ ဆံတော်ရှင် စေတီတော်မြတ်ကြီးရဲ့ ၁၂၃ ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော်ကို ဖေဖော်ဝါရီ ၂ ရက်ကနေ ဖေဖော်ဝါရီ ၇ ရက်အထိ ခုနစ်ရက်တိုင်တိုင် ကျင်းပနေပါတယ်။

သုံးရက်မြောက်နေ့ဖြစ်တဲ့ ဖေဖော်ဝါရီ ၄ ရက်မှာတေ့ာ လူငယ်တွေ “မြန်မာ့ရိုးရာရုပ်သေးရုပ်အက” သိရှိစေဖို့နဲ့ တန်ဖိုးထားတက်စေဖို့ ရည်ရွယ် ထည့်သွင်းဖျော်ဖြေခဲ့တဲ့ ရုပ်သေးရုပ်ကပွဲမှာ လာရောက်ကြည့်ရှုသူတွေကို မြင်တွေ့ရတာက မြန်မာ့ရိုးရာယဉ်ကျေးမှု့အငွေ့အသက်ကို ပြန်လည်ခံစားခဲ့ရစေပါတယ်။

ဒါ့အပြင် လူငယ်တွေပျော်ရွှင်ရာနဲ့ ကလေးကစားကွင်းတွေမှာ ကစားနေကြတဲ့ ကလေးသူငယ်တွေ၊ လူငယ်စုံတွဲတွေနဲ့ သူငယ်ချင်းအစုအဖွဲ့တွေရဲ့ ပျော်ရွှင်စွာမြူးတူးတဲ့ ပင်လယ်ဓါးပြလှေ လာရောက်စီးနေတဲ့ မြင်ကွင်းတွေ၊ ‌ဘုရားပွဲ ဈေးသည်တွေရဲ့ မြင်ကွင်းတွေနဲ့ ဘုရားလာရောက်ဖူးမျှော်ကြတဲ့ မိသားစုဝင်တွေရဲ့ မြင်ကွင်းတွေကလည်း ဘဝအမောတွေ ခဏပြေစေသလို အေးချမ်းမှုတွေ ကူးစက်မိပါလေရဲ့….။

Leave a Reply

Your email address will not be published. Required fields are marked *