April 27, 2024

MT News

Written by Ye Kyaw

ရုရှား-မြန်မာချစ်ကြည်ရေးအသင်းနှင့် ပြည်တွင်းစီးပွားရေးကုမ္ပဏီများ၊ လုပ်ငန်းရှင်များအကြား ရခိုင်ပြည်နယ် သံတွဲမြို့ရှိ ငပလီကမ်းခြေဒေသအတွင်း အပန်းဖြေအိမ်ရာစီမံကိန်းနှင့် ခရီးသွားဝန်ဆောင်မှုကဏ္ဍများ ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာလုပ်ငန်း နားလည်မှုစာချွန်လွှာ (MoU)ကို ဖေ‌ဖော်ဝါရီ ၄ ရက်တွင် လက်မှတ်ရေးထိုးခဲ့သည်။

ရခိုင်ပြည်နယ် သံတွဲမြို့ ငပလီကမ်းခြေဒေသအတွင်း ပိုမိုဖွံ့ဖြိုးတိုးတက်လာစေရန်နှင့် ခရီးသွားကဏ္ဍများ တိုးမြှင့်ဆောင်ရွက်သွားနိုင်ရေးကို အထောက်အကူပြုမည့်ကိစ္စ၊ ရုရှား-မြန်မာ ငပလီကမ်းခြေအိမ်ရာ စီမံကိန်း စတင်အကောင်အထည်ဖော်ရေး၊ ကော်ဖီ စိုက်ပျိုးထုတ်လုပ်တင်ပို့ရေးဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးကြပြီး နှစ်ဖက်သဘောတူ စာချုပ်(MoU) များ လက်မှတ်ရေးထိုးခဲ့ခြင်းဖြစ်သည်။

ရုရှား-မြန်မာချစ်ကြည်ရေးအသင်းဥက္ကဋ္ဌ မစ္စတာအန်နာသိုလီဘူးလော့ချ်နိကော့ ဦးဆောင်သော ချစ်ကြည်ရေး ကိုယ်စားလှယ်အဖွဲ့များသည် ရခိုင်ပြည်နယ် သံတွဲမြို့ရှိ ငပလီကမ်းခြေဒေသသို့ ယခုခရီးစဉ်အတွင်း သွားရောက်ကွင်းဆင်းလေ့လာခဲ့ကြပြီး ဒေသခံအာဏာပိုင်အဖွဲ့အစည်းများနှင့် တာဝန်ရှိသူများကိုတွေ့ဆုံကာ ရုရှား-မြန်မာခရီးသွားကဏ္ဍ တိုးမြှင့်လုပ်ဆောင်သွားနိုင်ရေးအတွက် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *

Related News