
၂၀. ၈. ၂၀၂၅
Written by Nyein Kyaw
ပါတီစုံဒီမိုကရေးအထွေထွေရေးကောက်ပွဲ အပိုင်း (၁) တွင် မြို့နယ်ပေါင်း ၁၀၂ မြို့နယ် ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC) က ကြေညာချက်အမှတ် (၅၆/၂၀၂၅) ဖြင့် ယနေ့တွင် ထုတ်ပြန်ကြေညာထားသည်။





ရွေးကောက်ပွဲ အပိုင်း (၁)တွင် ကချင်ပြည်နယ်၌ ၆ မြို့နယ်၊ ကယားပြည်နယ်တွင် ၂ မြို့နယ်၊ ကရင်ပြည်နယ်တွင် ၃ မြို့နယ်၊ ချင်းပြည်နယ်တွင် ၂ မြို့နယ်၊ စစ်ကိုင်းတိုင်းဒေသကြီးတွင် ၁၂ မြို့နယ်၊ တနင်္သာရီတိုင်းဒေသကြီးတွင် ၄ မြို့နယ်၊ ပဲခူးတိုင်းဒေသကြီးတွင် ၈ မြို့နယ်၊ မကွေးတိုင်းဒေသကြီးတွင် ၉ မြို့နယ်၊ မန္တလေးတိုင်းဒေသကြီးတွင် ၈ မြို့နယ် ကျင်းပပြုလုပ်သွားမည်ဖြစ်သည်။
ထို့အတူ မွန်ပြည်နယ်တွင် ၅ မြို့နယ်၊ ရခိုင်ပြည်နယ်တွင် ၃ မြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီးတွင် ၁၂ မြို့နယ်၊ ရှမ်းပြည်နယ်တွင် ၁၂ မြို့နယ်၊ ဧရာဝတီတိုင်းဒေသကြီးတွင် ၈ မြို့နယ်နှင့် နေပြည်တော်တွင် ၈ မြို့နယ် ကျင်းပပြုလုပ်သွားမည်ဖြစ်သည်။
