အရှေ့တောင်အာရှနိုင်ငံများအသင်း(အာဆီယံ) အဖွဲ့ဝင်နိုင်ငံများ၏ နိုင်ငံခြားရေးဝန်ကြီးများ ၂၀၂၃ ခုနှစ်အတွင်း ပထမဆုံးအကြိမ်အစည်းအဝေးကို အင်ဒိုနီးရှားနိုင်ငံ၊ ဂျာကာတာမြို့တွင် ဖေဖော်ဝါရီလ ၃ ရက် က စတင်ကျင်းပစဉ်
၄. ၂. ၂၀၂၃
Translated by Htwe Ko Tun
အရှေ့တောင်အာရှနိုင်ငံများအသင်း(အာဆီယံ) အဖွဲ့ဝင်နိုင်ငံများ၏ နိုင်ငံခြားရေးဝန်ကြီးများ ၂၀၂၃ ခုနှစ်အတွင်း ပထမဆုံးအကြိမ်အစည်းအဝေးအဖြစ် မြန်မာနိုင်ငံတွင်ဖြစ်ပွားနေသော ပဋိပက္ခအခြေအနေများနှင့်ပတ်သက်၍ ပွင့်လင်းစွာဆွေးနွေးပွဲကို ဖေဖော်ဝါရီ ၃ ရက်က ဂျာကာတာမြို့တွင် ကျင်းပခဲ့ကြောင်း သိရသည်။
ယခုနှစ် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေး၏ သဘာပတိလည်းဖြစ်သော အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး ရက်နို မာဆူဒီက အာဆီယံအနေဖြင့် မြန်မာနိုင်ငံအရေးတွင် ပတ်သက်နေသူအားလုံး ပါဝင်မည့် ဆွေးနွေးပွဲတစ်ရပ်ကျင်းပနိုင်ရေး တွန်းအားပေးဆောင်ရွက်ခဲ့ကြောင်း ပြောခဲ့သည်။
အစည်းအဝေးနှင့်ပတ်သက်၍ သတင်းစာရှင်းပွဲတစ်ရပ်ပြုလုပ်ရာတွင်လည်း ရက်နို မာဆူဒီက ဤအစည်းအဝေးတွင် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအနေဖြင့် မြန်မာနိုင်ငံအရေးနှင့်ပတ်သက်၍ ပွင့်လင်းနက်ရှိင်းစွာ မိသားစုစိတ်ဓါတ်ဖြင့် ဆွေးနွေးသွားကြရန် ရည်စူးကြောင်းပြောခဲ့သည်။
သို့ရာတွင် မြန်မာနိုင်ငံ၏ နိုင်ငံခြားရေးဝန်ကြီးကိုမူ အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးသို့ ဖိတ်ကြားခြင်းမပြုကြောင်းသိရသည်။
Ref-Bangkok Post
