၁၆.၈.၂၀၂၅
Written By Thandar
Mahar Original Series ဖြစ်တဲ့ အလောင်ကြိုက်တဲ့ပရိသတ်တွေအတွက် “မယားကျွန်”ဇာတ်လမ်းတွဲ Press Show ပွဲအခမ်းအနားကို ယနေ့ ဩဂုတ်လ ၁၆ ရက် နံနက်ပိုင်းက ရန်ကုန်မြို့ Lotte Hotel မှာကျင်းပခဲ့ရာ ပါဝင်ထားတဲ့အနုပညာရှင်များစွာ တက်ရောက်ခဲ့ကြပါတယ်။
“ကျွန်တော့်ရဲ့ Mahar App က ပြသတဲ့ ဒုတိယမြောက် Series လည်းဖြစ်ပါတယ်။ ဘယ်သူက ဘယ်သူ့ကျွန်ဖြစ်မလဲဆိုတာ ဇာတ်ကားကိုကြည့်ပြီးရင်တော့ သိသွားမှာပါ။ ဘယ်အခန်းက ပိုကြိုက်လဲဆိုရင်တော့ ထုတ်နုတ်ပြောရဖို့က ခက်ပါတယ်။ မယားကျွန်ကို Team တွေအကုန်လုံးရဲ့ ကြိုးစားမှုနဲ့ အကောင်းဆုံး ပုံဖော်ထားပါတယ်။ အလောင်ကြိုက်သူတွေအတွက် လောင်မြိုက်နေရမယ့် ကားတစ်ကားပါ”လို့ ဒါရိုက်တာရာဇဝင်ကိုက ပြောပါတယ်။
အဆိုပါဇာတ်ကားကို ဇာတ်လမ်း ကျူးလစ်မေ၊ ဇာတ်ညွှန်း ဇာဏ်က ရေးသားပြီး ဒါရိုက်တာ ရာဇဝင်ကိုက ရိုက်ကူးကာ သရုပ်ဆောင် ကျော်ထက်အောင်၊ အုပ်စိုးခန့်၊ စိုးမြတ်သူဇာ၊ လင်းဇာနည်ဇော်၊ ခြူးလေး၊ သံသာညီ စတဲ့အနုပညာရှင်တွေပါဝင်ထားကြပါတယ်။
“မယားကျွန် ဇာတ်လမ်းတွဲမှာ ခြူးလေးက ခင်ရှေးဆန်ဆိုတဲ့ ကာရိုက်တာနဲ့ပါဝင်ထားပါတယ်။ သူက မိဘတွေ သဘောမတူတဲ့ကြားက အချစ်ကို ကိုးကွယ်တဲ့ကောင်မလေးပေါ့။ အိမ်တွင်း အကြမ်းဖက်မှုတွေ ခံခဲ့ရတယ်။ ယောက်ျားဖြစ်သူက နှိပ်စက်လိုက် ယောက္ခမဖြစ်သူက နှိပ်စက်လိုက်နဲ့ပေါ့။ သနားစရာ ကောင်မလေးပေါ့နော်။ အပြင်မှာဆိုရင်တော့ ခြူးလေးက အဲလောက်အချစ်ကို ကိုးကွယ်မယ့်သူတော့မဟုတ်ပါဘူး။ လက်ရှိလည်း အပိုင်း ၂ ပိုင်းအထိ ထုတ်လွှင့်ထားပြီမို့ ပရိသတ်တွေ ကြည့်ရှုပေးပါဦးနော်”လို အကယ်ဒမီ ခြူးလေးက ပြောပါတယ်။
အပိုင်း ၂၅ ပိုင်းစာပါဝင်တဲ့ “မယားကျွန်” ဇာတ်လမ်းတွဲကို ဩဂုတ်လ ၁၄ ရက်ကစ Mahar Application က ထုတ်လွှင့်ပြသနေလျှက်ရှိပါတယ်။
#ခြူးလေး #ကျော်ထက်အောင် #အုပ်စိုးခန့် #ChueLay #KyawHtetAung #OakSoeKhant #𝐌𝐚𝐡𝐚𝐫𝐀𝐩𝐩𝐥𝐢𝐜𝐚𝐭𝐢𝐨𝐧 #MaharOriginalSeries #ThanTharNyi
#မယားကျွန်ဇာတ်လမ်းတွဲ #မဟာနဲ့ဆိုဇိမ်ပဲ












