April 28, 2024

ညောင်ဇင်အထက်တန်းကျောင်း မီးလောင်ပျက်စီးနေမှုမြင်ကွင်း

MT News

တနင်္သာရီတိုင်းဒေသကြီး၊ သရက်ချောင်းမြို့နယ်၊ ညောင်ဇင်ကျေးရွာရှိ အခြေခံပညာ အထက်တန်းကျောင်း(ညောင်ဇင်)အား ဖေဖော်ဝါရီလ ၃ရက်နေ့ မွန်းလွဲပိုင်းတွင် မီးရှို့ဖျက်ဆီးခံခဲ့ရကြောင်း သိရသည်။

ထိုဖြစ်စဥ်မှာ PDF များက လုပ်​ဆောင်ခြင်းဟု SAC ၏ သတင်းထုတ်ပြန်ရေးအဖွဲ့က ကြေညာထားပြီး အခြေခံပညာအထက်တန်းကျောင်း(ညောင်ဇင်)အား မီးရှို့ခံရမှု သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် ဒေသခံပြည်သူများက မီးသတ်ယာဉ် ၃ စီးဖြင့် ဝိုင်းဝန်း မီးငြှိမ်းသတ်ခဲ့ရာ ဖေဖော်ဝါရီလ ၃ရက်နေ့ နေ့လယ် ၂ နာရီ ၅၀ မိနစ်ခန့်တွင် မီးငြိမ်းသွားခဲ့သည်။ အဆိုပါ မီးလောင်မှုကြောင့် စာသင်ဆောင် ၂ ဆောင်နှင့် ခန်းမ ၁ ဆောင်တို့ မီးလောင်ပျက်စီး ဆုံးရှုံးခဲ့ရသည်။

လက်ရှိအခြေအနေတွင် အခြေခံပညာအထက်တန်း ကျောင်း(ညောင်ဇင်)ရှိ ကျောင်းသား၊ ကျောင်းသူများ အနေဖြင့် ထားဝယ်မြို့ရှိ စာသင်ကျောင်းများနှင့် ညောင်ဇင်ကျေးရွာရှိ ဘုန်းတော်ကြီး ကျောင်းတို့တွင် ပညာသင်ကြားလျက်ရှိကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *

Related News