၁၁.၈.၂၀၂၅
Written By Thandar
လူငယ်တွေ English ဘာသာစကားပြောစွမ်းရည် ယုံကြည်မှုရှိစွာနဲ့ပြောဆိုတတ်ပြီး ကမ္ဘာ့နဲ့ရင်ပေါင်တန်းနိုင်တဲ့ လူငယ်ပေါ်ထွက်လာစေဖို့ရည်ရွယ်တဲ့ Mic Up! အင်္ဂလိပ်စကားပြောစွမ်းရည်ပြိုင်ပွဲ English Speaking Competition အခမ်းအနားကို ဩဂုတ်လ ၉ ရက်နဲ့ ၁ဝ ရက်ထိ ရန်ကုန်မြို့ရှိ Junction Square Promotion Area မှာ ကျင်းပခဲ့ပါတယ်။
” Mic Up! English Speaking Competition က မြန်မာနိုင်ငံမှာ သုံးနှစ်မြောက်ကျင်းပခြင်းဖြစ်ပါတယ်။ ဒီ RVi Group က မြန်မာနိုင်ငံနဲ့ ထိုင်းနိုင်ငံတို့မှာ လွန်ခဲ့တဲ့ သုံးနှစ်ကတည်းက စတင်မိတ်ဆက်ခဲ့တာပါ။ ဒီပြိုင်ပွဲက လူငယ်တွေအတွက် အင်္ဂလိပ်စကားပြောစွမ်းရည်နဲ့ပတ်သက်တဲ့ ယုံကြည်မှုတိုးတက်စေဖို့ရယ်၊ အများပြည်သူရှေ့မှာလည်း ဆက်သွယ်ပြောဆိုနိုင်စွမ်း တိုးတက်စေချင်တယ်။ နိုင်ငံတကာအတွေ့အကြုံရရှိစေဖို့ ရည်ရွယ်ပြီး ကျင်းပခဲ့ဖြစ်ပါတယ်”လို့ Mic Up Head of Business Development Department က မခက်ခက်သော်က MT Entertainment ကိုပြောပါတယ်။
Belt and Road Youth English-Speaking Competition နဲ့ပူးပေါင်းပြီး အဆိုပါပြိုင်ပွဲမှာ Gold Plus Winner တစ်ဦးစီကို ဆုကြေးငွေ ကျပ် သုံးသိန်း၊ ဆုတံဆိပ်နဲ့ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့မှာ ကျင်းပမယ့် Regional Finals ပြိုင်ပွဲကို စရိတ်ငြိမ်း သွားရောက်ယှဉ်ပြိုင်ခွင့်ရမှာဖြစ်သလို ထိုပြိုင်ပွဲက ထိုင်းနိုင်ငံနဲ့ အခြားအာဆီယံနိုင်ငံတွေက Gold Plus Winner တွေနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။
Regional Finals မှာဆုရရှိသူတွေကို Belt and Road Initiative ရဲ့ initiative တခုဖြစ်တဲ့ တရုတ်နိုင်ငံမှာ ကျင်းပမယ့် Global Final ပြိုင်ပွဲကို စေလွှတ်မှာဖြစ်ပါတယ်။
Mic Up! English Speaking Competition Myanmar က လူငယ်တွေ English ဘာသာစကားပြောစွမ်းရည်ကို ယုံကြည်မှုရှိစွာနဲ့ပြောဆိုတတ်ပြီး ကမ္ဘာ့နဲ့ရင်ပေါင်တန်းနိုင်တဲ့ လူငယ်ခေါင်းဆောင်တွေ မွေးထုတ်ပေးနိုင်တဲ့ ပလက်ဖောင်းတစ်ခုအဖြစ် ဆက်လက်ရပ်တည်နိုင်ဖို့အပြင် မတူညီတဲ့ယဉ်ကျေးမှုတွေကို ဘာသာစကား စွမ်းအားနဲ့ ကူးလူးပေါင်းစပ်နိုင်ဖို့ ရည်ရွယ် ကျင်းပနေတဲ့ပြိုင်ပွဲတစ်ခုဖြစ်တယ်လို့ သိရပါတယ်။
#MaKhantKhnatMar #BeltandRoadInitiative
micup #အင်္ဂလိပ်စကားပြောစွမ်းရည်ပြိုင်ပွဲ #EnglishSpeakingCompetition










