
၆ .၈.၂၀၂၅
Written by Hey Mar
လူနာတင်ယာဉ်တစ်စီး အမြန်လမ်းမှာ စလစ်ဖြစ်ကာ အရှိန်လွန် လမ်းဘေးထိုးကျရပ်တန့်ခဲ့တာကြောင့် ယာဉ်ပေါ်ပါ လူနာနဲ့ လူနာစောင့် နှစ်ဦးအနက် လူနာစောင့် သတိလစ်မေ့မြောဝေဒနာခံစားခဲ့ရလို့ လှည်းကူးအခြေစိုက်ပရဟိတအသင်းတွေက ဝိုင်းဝန်းကူညီဆေးရုံတင်ပို့ပေးရတဲ့ ဖြစ်စဉ် ဒီနေ့ ဩဂုတ် ၆ ရက် မနက် ၁၀ နာရီခွဲဝန်းကျင်က ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
မွန်ပြည်နယ်၊ မုဒုံမြို့ကနေ ရန်ကုန်ဆေးရုံကြီးဆီလူနာသယ်ဆောင်ကာ လာရောက်ပို့ဆောင်တဲ့ ပရဟိတအသင်းကားက ရန်ကုန်မြို့ဝင်ခါနီးအမြန်လမ်းပေါ် နှစ်မိုင် တစ်ဖာလုံခန့်မှာ စလစ်ဖြစ်လမ်းချော်ခဲ့တာလို့သိရပါတယ်။
အခင်းဖြစ်နေရာကို ရဲစုကြီးလူမှုကူညီရေးအသင်း၊ မော်လမြိုင်မြို့ ရာမညအသင်းနဲ့ မြို့မမေတ္တာ(လှည်းကူး)ပရဟိတအသင်းတွေ ပူးပေါင်းကူညီပေးခဲ့ပြီး လူနာနဲ့အတူ သတိလစ်မေ့မြောနေတဲ့ လူနာစောင့်အမျိုးသမီးတို့ကို လှည်းကူးဆေးရုံဆီ ကူညီပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။
ဓာတ်ပုံ -ရဲစုကြီး
