၆. ၈. ၂၀၂၅
Translated by Thettant
သီရိလင်္ကာနိုင်ငံမှာ ဇူလိုင် ၂၅ ရက်ကနေ ဩဂုတ် ၉ ရက်အထိ ကျင်းပနေတဲ့ ဒေဝိနူဝါရာ အီဆာလာပွဲတော် စီတန်းလှည့်လည်မှုအတွင်းမှာ လှည့်လည်မှုလိုက်ပါလာတဲ့ ဆင်တစ်ကောင်က သူ့ဆင်ဦးစီးကို ရုတ်တရက် ရမ်းကားတိုက်ခိုက်ခဲ့တဲ့ရုပ်သံက လူမှုကွန်ရက်မှာ ရေပန်းစားနေပါတယ်။
အေဒီ ၁၂၅၇ ခုနစ်ကတည်းက စတင်ကျင်းပခဲ့တဲ့ ဒီပွဲတော်က သီရိလင်္ကာတောင်ပိုင်းအတွက် အရေးပါပြီး ဩဂုတ် ၃ ရက်က ဖြစ်ခဲ့တဲ့ ဒီဖြစ်စဥ်မှာတော့ ဆင်ဟာ ဆင်ဦးစီးကို ရုတ်ချည်းတိုက်ခိုက်ပြီး ဆက်လက်လမ်းလျှောက်သွားခဲ့သလို အခြားဆင်ဦးစီးတွေ ထိန်းဖို့ကြိုးစားပေမယ့် ရန်လိုနေဆဲပါ။
ပွဲကြည့်သူတွေလည်း ကြောက်လန့်တကြားထွက်ပြေးသွားပေမဲ့ အခြေအနေကို ထိန်းနိုင်ခဲ့ပြီး ဒဏ်ရာရတဲ့ဆင်ဦးစီးကို ဂန္ဓရာဆေးရုံတင်ပို့ရာမှာ သက်သာလို့ ဆေးရုံက ဆင်းသွားခဲ့ပြီး အခြားဒဏ်ရာရသူမရှိဘူးလို့ ဒေဝီနူဝါရာရဲတပ်ဖွဲ့က ပြောပါတယ်။
ဆင်တွေကို ရတနာအဖြစ် ဥပဒေနဲ့ကာကွယ်ပေးထားတဲ့ သီရိလင်္ကာနိုင်ငံမှာ ဆင်နဲ့လူအကြား တိုက်ခိုက်မှုတွေ အမြဲဖြစ်ပွားလေ့ရှိပြီး ပြီးခဲ့တဲ့ ဇွန်လ ၁၁ ရက်ညကလည်း ဗာဒူလာမြို့မှာ ၈၅ ကြိမ်မြောက် ကိုင်လာဂိုဒါ မီဟိန္ဒူပွဲတော်လှည့်လည်ချိန် ဆင်တစ်ကောင်က စိတ်လှုပ်ရှားတဲ့အမူအယာနဲ့ တိုက်ခိုက်ဖို့ကြိုးပမ်းခဲ့ပေမဲ့ ဆင်ဦးစီးတွေက ထိန်းကျောင်းနိုင်ခဲ့ပါတယ်။
Ref, Daily Mirror Online, Newswire
