
၃.၈.၂၀၂၅
Written By Thandar
ဟာသလူရွှင်တော်ကြီး ရေဒီယိုဦးမန်းကျော်ဟာ အသက် ၈၅ နှစ်အရွယ် ဒီနေ့ သြဂုတ်လ ၃ ရက် ည ၇ နာရီက ရန်ကုန်မြို့ သင်္ဃန်းကျွန်းမြို့နယ်ရှိ နေအိမ်မှာ ကွယ်လွန်သွားပြီဖြစ်ပါတယ်။
“ကျွန်ုပ်၏ ဖခင်ကြီး ဟာသလူရွှင်တော်ကြီး ရေဒီယိုမန်းကျော် ည ၇ နာရီတွင် ကွယ်လွန်သွားပါပြီ”လို့ လူရွှင်တော် ကောင်းကျော်က ပရိသတ်သိအောင်ပြောလာပါတယ်။
သူဟာတော့ လူရွှင်တော် ကောင်းကျော်ရဲ့ ဖခင်လည်းဖြစ်ပြီး လေဖြတ်ဝေဒနာကို ဆယ်စုနှစ်နီးပါး ခံစားနေရတာကြောင့် ပရိသတ်နဲ့ဝေးကွာခဲ့သူလည်းဖြစ်ပါတယ်။




ပြီးခဲ့တဲ့ လပိုင်းကလည်း မြောက်ဥက္ကလာ ဝေဘာဂီဆေးရုံမှာ တက်ရောက်ဆေးကုသမှုခံယူခဲ့ပြီး ပြန်လည်သက်သာပြီးနောက် ယခုလိုကျန်းမာရေးချို့ယွင်းကာ ကွယ်လွန်ခဲ့တာလည်းဖြစ်ပါတယ်။
“ဒီနှစ်ထဲမှာပဲနော်၊ ပထမအမေ၊ ဒုတိယ အဒေါ်၊ တတိယအဖေ စိတ်မကောင်းဖြစ်ရပါတယ်ကွာ။အားလုံးပဲကောင်းရာဘုံဘဝရောက်ကြပါစေ”လို့ နီးစပ်သူတစ်ဦးက ပြောပါတယ်။
လူရွှင်တော် ရေဒီယိုဦးမန်းကျော်ရဲ့ နာရေးအစီအစဉ်ကိုတော့ မကြာခင် ပရိသတ်ကို အသိပေးသွားမယ်လို့ သိရပါတယ်။
