◾ သပိတ်ကျင်းက TNLA နှင့် MDY – PDF တို့၏ ရွှေအခွန် ကောက်ခံရေးရုံးလည်း ဗုံးကြဲခံရ

၃.၈.၂၀၂၅
Written By Zun
TNLA ခိုအောင်းနေသည့် သီပေါမြို့နယ်အတွင်း ယနေ့ သြဂုတ်လ ၃ ရက် မွန်းလွဲ ၂ နာရီခွဲခန့်အချိန် တပ်မတော်က လေကြောင်းဖြင့် ထပ်မံရှင်းလင်းခဲ့ကြောင်း သိရသည်။
“တပ်ဘက်က စခန်းဟောင်း ခြေလျင်တပ်ရင်း (ခလရ-၂၃ )မှာ ပလောင်တွေ ခိုနေတာ။ အဲဒီနေရာကို ဂျက်ဖိုက်တာနဲ့ ပေါင် ၅၀၀ ဗုံး ၄ လုံး ကြဲချတာတဲ့။ အဲဒီထဲက အဆောက်အအုံတွေ ပျက်တာရှိတယ်။ သေဆုံး ဒဏ်ရာရတာ မရှိဘူးလို့ သိရပါတယ်”ဟု သီပေါဒေသခံတစ်ဦးက MT News ကို ပြောသည်။
အလားတူ ယနေ့ သြဂုတ်လ ၃ ရက်တွင် သပိတ်ကျင်းမြို့နယ်အတွင်းရှိ TNLA/MDY -PDF ၏ ရွှေအခွန် ကောက်ခံရေးရုံးကိုလည်း တပ်မတော်က လေကြောင်းဖြင့်ရှင်းလင်းခဲ့ကြောင်း သိရသည်။
ပြီးခဲ့သည့် ဇူလိုင်အတွင်းက တပ်မတော်၏ ရှင်းလင်းခြင်းကို ခံခဲ့ရသောကြောင့် ၂၇ ဦးသေဆုံးကာ (၈၂)ဦး ထိခိုက်ဒဏ်ရာရခဲ့ကြောင်း TNLA က ထုတ်ပြန်ထားသည်။

အဆိုပါစာရင်းအတွင်း သီပေါမြို့တွင် အမျိုးသား (၂)ဦး၊အမျိုးသမီး (၁)ဦးသေဆုံး၍ အမျိုးသား (၄)ဦး ဒဏ်ရာ ရကာ နေအိမ် (၁၈)လုံးနှင့် စာသင်ကျောင်း (၁)ကျောင်းပျက်စီးခဲ့ကြောင်း ဖော်ပြထားသည်။
ပုံစာ။ သီပေါနှင့် သပိတ်ကျင်းမှ TNLA ၊ MDY PDF တို့ ခိုကပ်နေသည့်နေရာများ ရှင်းလင်းထားမှုမြင်ကွင်း။ ေလောင်တွေ ခိုနေတာ။ အဲဒီနေရာကို ဂျက်ဖိုက်တာနဲ့ ပေါင် ၅၀၀ ဗုံး ၄ လုံး ကြဲချတာတဲ့။ အဲဒီထဲက အဆောက်အအုံတွေ ပျက်တာရှိတယ်။ သေဆုံး ဒဏ်ရာရတာ မရှိဘူးလို့ သိရပါတယ်”ဟု သီပေါဒေသခံတစ်ဦးက MT News ကို ပြောသည်။
အလားတူ ယနေ့ သြဂုတ်လ ၃ ရက်တွင် သပိတ်ကျင်းမြို့နယ်အတွင်းရှိ TNLA/MDY -PDF ၏ ရွှေအခွန် ကောက်ခံရေးရုံးကိုလည်း တပ်မတော်က လေကြောင်းဖြင့်ရှင်းလင်းခဲ့ကြောင်း သိရသည်။
ပြီးခဲ့သည့် ဇူလိုင်အတွင်းက တပ်မတော်၏ ရှင်းလင်းခြင်းကို ခံခဲ့ရသောကြောင့် ၂၇ ဦးသေဆုံးကာ (၈၂)ဦး ထိခိုက်ဒဏ်ရာရခဲ့ကြောင်း TNLA က ထုတ်ပြန်ထားသည်။
အဆိုပါစာရင်းအတွင်း သီပေါမြို့တွင် အမျိုးသား (၂)ဦး၊အမျိုးသမီး (၁)ဦးသေဆုံး၍ အမျိုးသား (၄)ဦး ဒဏ်ရာ ရကာ နေအိမ် (၁၈)လုံးနှင့် စာသင်ကျောင်း (၁)ကျောင်းပျက်စီးခဲ့ကြောင်း ဖော်ပြထားသည်။

ပုံစာ။ သီပေါနှင့် သပိတ်ကျင်းမှ TNLA ၊ MDY PDF တို့ ခိုကပ်နေသည့်နေရာများ ရှင်းလင်းထားမှုမြင်ကွင်း။ (Photo – CJ)
