
၂.၈.၂၀၂၅
Written By Zun
တအာင်းလက်နက်ကိုင် TNLA နယ်မြေလု ထိန်းချုပ်ထားသည့် ကျောက်မဲတွင် ခြုံရှင်းသည့် ရဟန်းတစ်ပါး မိုင်းနင်းမိ၍ ခြေတစ်ဖက်ပြတ်ထွက်မှု ယနေ့ သြဂုတ်လ ၂ ရက် မွန်းလွဲပိုင်းက ဖြစ်ပွားခဲ့ကြောင်း သိရသည်။
အဆိုပါ ရဟန်းတော်မှာ ကျောက်မဲမြို့ ရပ်ကွက်(၂) ရှိ နတ်စစ်လင်းဘုန်းကြီးကျောင်းက ဖြစ်ပြီး သက်တော် ၄၂ နှစ်အရွယ် ဦးနန္ဒက ဖြစ်ကြောင်း သိရသည်။

ပြတ်ထွက်သွားသော ခြေထောက်မှာ ညာဘက်ဖြစ်ပြီးသွေးထွက်လွန်သောကြောင့် လားရှိုးဆေးရုံသို့ ပို့ဆောင်ထားရကြောင်း သိရသည်။
“ကျွန်တော်ကြားတာတော့ TNLA ထောင်တဲ့မိုင်းလို့ ပြောနေကြတယ်။ TNLA က ထိန်းချုပ်ထားတဲ့မြို့ပေါ်မှာ အဲဒီမိုင်းက TNLA ကပဲ ထောင်မှာပေါ့။ သူတို့က ဘုန်းကြီးကျောင်းတွေ ဘာတွေ နားလည်တာမဟုတ်ဘူး”ဟု ဒေသခံတစ်ဦးက MT News ကို ပြောသည်။
