၃၁.၇.၂၀၂၅
Written By Thandar
ကချင်မလေး တေးသံရှင် ဇောင်းဆေးရဲ့ ကိုယ့်စိတ်ဝင်စားတဲ့သူကို Crush ပုံစံ “ဆယ်ရာစုနှစ်အချစ်” Music Video ကို ပရိသတ်ထံလက်ဆောင်ပေးသွားမယ်လို့ ဆိုပါတယ်။
“ဒီသီချင်းလေးက အဓိက,က ကိုယ့်စိတ်ဝင်စားတဲ့သူကို Crush တဲ့ သီချင်းလေးပါ။ မြူးမြူးကြွကြွ ချစ်စရာသီချင်းလေးနဲ့ ကောင်လေးတွေကို ကြွေတာပေါ့။ ခုခေတ်ကောင်လေးတွေ ပဲနည်းနည်းများတော့လေ။ ချစ်လို့ရှိရင် ချစ်တယ်ပြောပေါ့။ သီချင်းကိုတော့ ကိုယ်တိုင်မုဒ်ထည့်ပြီး သေချာလေးသီဆိုထားတာပါ”လို့ တေးသံရှင် ဇောင်းဆေးက ပြောပါတယ်။
အဆိုပါ တေးသီချင်းကို တေးရေးဆရာ Badda က ရေးသားပြီး ဒါရိုက်တာ သိန်းစိုးလင်းက Dancer အနေနဲ့ All Black အဖွဲ့က ရိုက်ကူးပုံဖော်ထားကြတာဖြစ်ပါတယ်။
မြူးမြူးကြွကြွ “ဆယ်ရာစုနှစ်အချစ်” Music Video ကို မကြာခင် Poe Di Entertainment Page, YouTube Channel တွေက ထုတ်လွှင့်တင်ဆက်ပေးသွားမှာလည်းဖြစ်ပါတယ်။
#Singerဇောင်းဆေး #ZaungSay
#DirectorTheinSoeLin #MyanmarSinger #ဆယ်ရာစုနှစ်အချစ် #PoeDiEntertainment




