၃၁. ၇. ၂၀၂၅
Written by Nyein Kyaw
ပညာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးအဖြစ် ဒေါက်တာချောချောစိန်အား ပြည်ထောင်စုအစိုးရအဖွဲ့တွင် ဖြည့်စွက်ဖွဲ့စည်းလိုက်ကြောင်း ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ အမိန့်အမှတ် (၅/၂၀၂၅) ဖြင့် ယနေ့တွင် ထုတ်ပြန်ထားသည်။
အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီသည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၂၇၊ ပုဒ်မခွဲ(ခ)အရ ဒေါက်တာချောချောစိန်၊ ပြည်ထောင်စုဝန်ကြီး၊ ပညာရေးဝန်ကြီးဌာနအား ပြည်ထောင်စုအစိုးရအဖွဲ့တွင် ဖြည့်စွက်ဖွဲ့စည်းလိုက်ကြောင်း ထုတ်ပြန်ထားသည်။
အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီအမိန့်အမှတ် (၃/၂၀၂၅) ဖြင့် ထုတ်ပြန်သည့် ဝန်ကြီးချုပ်အဖြစ် ဦးညိုစော ဦးဆောင်ကာ ပြည်ထောင်စုဝန်ကြီး ၂၈ ဦးနှင့် ညွှန်ကြားမှူးချုပ် ၁ ဦးပါဝင်သော ပြည်ထောင်စုအစိုးရအဖွဲ့တွင် ကနဦးက ပညာရေးဝန်ကြီးဌာန ပါဝင်ခဲ့ခြင်းမရှိခဲ့ဘဲ ယခု အမိန့်အမှတ် (၅/၂၀၂၅) ဖြင့် ဖြည့်စွက်ဖွဲ့စည်းလိုက်ခြင်းဖြစ်သည်။
