
MT News
၃၁. ၇. ၂၀၂၅
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ
အမိန့်အမှတ်၊ ၄ /၂၀၂၅ ဖြင့် ယာယီသမ္မတ (တာဝန်)၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဦးဆောင်သည့် နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ကို ဖွဲ့စည်းလိုက်သည်။
အဆိုပါကော်မရှင်ကို အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီက ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၂၇ အရ ဥပဒေပြုရေး၊ အုပ်ချုပ်ရေးနှင့် တရာစီရင်ရေးအာဏာများကို ကျင့်သုံးနေစဉ်ကာလအတွင်း နိုင်ငံတော်ကာကွယ်ရေး၊ လုံခြုံရေးနှင့် အေးချမ်းသာယာရေး၊ ပါတီစုံဒီမို ကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးတို့အတွက် လိုအပ်သည့် လမ်းညွှန် မှုများပြုနိုင်ရန်နှင့် ထိရောက်စွာ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်နိုင်ရန်အတွက် ဖွဲ့စည်းလိုက်ခြင်းဖြစ်သည်။

နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်တွင် ဥက္ကဋ္ဌအဖြစ် ယာယီသမ္မတ (တာဝန်)၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ဦးဆောင်ပြီး ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက ဒုတိယဥက္ကဋ္ဌအဖြစ်တာဝန်ယူထားကာ ဦးညိုစော၊ ဦးအောင်လင်းဒွေး၊ ဗိုလ်ချုပ်ကြီးမောင်မောင်အေး၊ ဒုတိယဗိုလ်ချုပ်ကြီးထွန်းထွန်းနောင်၊ ဦးသန်းဆွေ၊ ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်၊ ဗိုလ်ချုပ်ကြီးကျော်စွာလင်းနှင့် ဗိုလ်ချုပ်ကြီးရဲဝင်းဦးတို့ ပါဝင်ဖွဲ့စဥ်းထားကြောင်း သိရသည်။
