
၂၉.၇.၂၀၂၅
Written By Zun
PDF စိုးမိုးထိန်းချုပ်ရာ မန္တလေးတိုင်းဒေသကြီး၊စဉ်ကူးမြို့နယ်ထဲက လက်ပံလှရဲစခန်းဟောင်းနေရာကို လေကြောင်းရှင်းလင်းရာ PDF အဖွဲ့ဝင်များအပါအဝင် အနည်းဆုံးလူပေါင်း တစ်ဒါဇင်ကျော် သေဆုံးပြီး အများအပြား ဒဏ်ရာရ သွား ကြောင်း သိရသည်။
ယနေ့ ဇူလိုင်လ ၂၉ ရက် ညနေပိုင်းက MDY PDF တိုက်ခိုက်သိမ်းယူထိန်းချုပ်ထားသော လက်ပံလှရဲစခန်းဟောင်းနေရာ အပါအဝင် နေရာအချို့ကို လေကြောင်းမှ ဂျက်လေယာဉ်ဖြင့် ဗုံးကြဲရှင်းလင်းခဲ့ခြင်းကြောင်း PDF များ အပါအဝင် သေဆုံးသူများပြားကာ ဒဏ်ရာရသူလည်း များပြားခဲ့ခြင်း ဖြစ်ကြောင်း ဒေသတွင်း သတင်းရင်းမြစ်များအရ သိရသည်။

လက်ပန်လှရဲစခန်းအပြင် PDF များ ခိုလှုံနေကြသည့် ရွှေပန်းတောကျေးရွာနှင့် ဇရပ်ကွင်းကျေးရွာ တို့ကိုလည်း လေကြောင်းဖြင့် ရှင်းလင်းမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ လက်ပန်လှဒေသမှာ အခြားနယ်မြေအသီးသီးသို့ ပို့ဆောင်ရန် သိုလှောင်ထားသော PDF များ၏ လက်နက်၊ ခဲယမ်း၊ ရိက္ခာများ ထောက်ပို့စခန်း ရှိနေသော ဒေသလည်း ဖြစ်သည်။

တပ်မတော်အနေဖြင့် အကြမ်းဖက်ချေမှုန်းမှုစစ်ဆင်ရေး (Counter – Terrorism Operation) များ ပြုလုပ်လျက်ရှိရာ ယနေ့ ဇူလိုင်လ ၂၉ ရက်တွင် စဉ့်ကူးမြို့နယ်အပါအဝင် မိုးကုတ်မြို့နယ်၊ မိုင်းလုံမြို့နယ်တို့ကို ဆက်လက် ရှင်းလင်းနေကြောင်း သိရသည်။
“ပြီးခဲ့တဲ့ မတ်လက စပြီးတော့ PDF တွေက အနယ်နယ်အရပ်ရပ်အတွက် ထောက်ပို့စခန်းလုပ်ထားတာ။ လက်ပန်လှမှာလေ။သူတို့ လှုပ်ရှားနေတဲ့ သတင်းကို တပ်မတော်က ရနေတာကြာပါပြီ။ဒါပေမဲ့ အခြေအနေကို သုံးသပ်ရသေးတာပေါ့။အခုကတော့ သတင်းတွေ အခိုင်အမာ အစုံအလင်နဲ့ တပ်မတော်က လေကြောင်းနဲ့ ရှင်းတာပေါ့”ဟု တပ်မတော် သတင်းရင်းမြစ်နှင့် နီးစပ်သူတစ်ဦးက MT News ကို ပြောသည်။
