
၂၈. ၇. ၂၀၂၅
Translated by Thettant
ထိုင်းနိုင်ငံရဲ့ မြို့တော် ဘန်ကောက်က ချတူးချတ်ခ်စျေးအနီး Or Tor Kor Market မှာ ဒီနေ့လယ်ပိုင်းက ပစ်ခတ်မှုဖြစ်ပွားပြီး လက်ရှိမှာ လူ ၄ ဦး သေဆုံးထားတယ်လို့ ကနဦးသိရပါတယ်။

လူလတ်ပိုင်းအရွယ်အမျိုးသားတစ်ဦးက ဒီနေ့လယ် ၁ နာရီခန့်မှာ အစုလိုက်အပြုံလိုက်ပစ်ခတ်မှုကျူးလွန်ခဲ့တာလို့ ကနဦးသိရပြီး သေနတ်သမားက ကိုယ့်ကိုယ်ကိုယ် သတ်သေသွားသလို ဒီဖြစ်ရပ်မှာ လူလေးဦးသေဆုံးပြီး နှစ်ဦးဒဏ်ရာရတယ်လို့ သိထားရပါတယ်။
Ref, Thai PBS World
