၂. ၂. ၂၀၂၃
Written by Pan Ei

အမေရိကန်၊ တက္ကဆက်ပြည်နယ်မှာရှိတဲ့ San Antonio တိရစ္ဆာန်ရုံမှာ ချစ်သူများနေ့အထူးအစီအစဉ်အဖြစ် ပိုးဟပ်ကို ရည်းစားဟောင်းရဲ့ အမည်ပေးကာ တိရစ္ဆာန်တစ်ကောင်ကို ကျွေးမွေးနိုင်မယ့် ရန်ပုံငွေပွဲ နှစ်စဉ်နှစ်တိုင်းကျင်းပလေ့ရှိပါတယ်။

“Cry Me a Cockroach” လို့ခေါ်တဲ့ အဆိုပါရန်ပုံငွေပွဲဟာ တက္ကဆက်နဲ့ ကမ္ဘာတဝှမ်းမှာရှိတဲ့ တောရိုင်းတိရစ္ဆာန်တွေကို ကာကွယ်စောင့်ရှောက်ဖို့ နှစ်စဉ်ကျင်းပလေ့ရှိပြီး ရည်းစားဟောင်းကိုစိတ်နာနေသူတွေ၊ ရည်းစားဟောင်းကို မမေ့နိုင်တဲ့သူတွေ ပါဝင်ဆင်နွှဲနိုင်မှာပါ။

San Antonio တိရစ္ဆာန်ရုံမှာ ၁၀ ဒေါ်လာပေးချေရင် ပိုးဟပ်တစ်ကောင်ကို ရည်းစားဟောင်းနာမည်ပေး တိရစ္ဆာန်တစ်ကောင်ကို အစာကျွေးနိုင်မှာဖြစ်ပြီး ၂၅ ဒေါ်လာဆိုရင် ကြွက်တစ်ကောင်၊ ၅ ဒေါ်လာဆို အသီးအရွက်ကျွေးမွေးနိုင်မှာဖြစ်သလို ဒေါ်လာ ၁၅၀ ပေးချေမယ်ဆို အစာကျွေးနေပုံကို ဗီီဒယို ရိုက်ကူးနိုင်မှာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့နှစ်က ပြည်နယ် ၅၀ နဲ့ နိုင်ငံပေါင်း ၃၀ ကျော်က ပါဝင်သူ ၈၀၀၀ ကျော်အထိရှိခဲ့ပြီး အဆိုပါရန်ပုံငွေပွဲမှာ ပါဝင်ဖို့ ချစ်သူများနေ့မတိုင်မီ အွန်လိုင်းကတစ်ဆင့် ရည်းစားဟောင်းရဲ့ နာမည်ကို ပေးပို့ဖို့ လိုအပ်ပါတယ်။

Ref; CNN

Leave a Reply

Your email address will not be published. Required fields are marked *