၂၅.၇.၂၀၂၅
Written By Thandar
ပရိသတ်အားပေးမှုရရှိခဲ့တဲ့ စာရေးဆရာ နွမ်ဂျာသိုင်းရဲ့ ဝတ္ထုကိုပြန်လည်ပုံဖော်ခဲ့တဲ့ “အချစ်ဆုံးသူရဲ့ အတ္ထုပ္ပတ္တိ”ဇာတ်လမ်းတွဲမှာ ကောင်းမြတ်စံကတော့ ထွန်းနိုင်ကာရိုက်တာနဲ့ ကိုယ့်ရဲ့ အပြင်ကာရိုက်တာ အနီးစပ်ဆုံး တူတာမို့ ကိုယ်ချစ်ကိုပဲ ရှာမှာပါလို့ ဖွင့်ဟလာပါတယ်။
“ဒီဇာတ်ကားတွဲမှာ ထွန်းနိုင်ကာရိုက်တာက ကျွန်တော့်ရဲ့ အပြင်ပင်ကိုယ်စိတ်နဲ့ နည်းနည်း ခပ်ဆင်ဆင်ရှိတယ်လို့ သတ်မှတ်ချင်တယ်။ ချစ်ခြင်းမေတ္တာ ချစ်ခြင်းတွေမှာ စိတ်တွေက နှစ်မျိုးရှိကြတယ်လေ။ သူ့ချစ်ကို ရှာဖွေတာလား။ ကိုယ်ချစ်ကိုရှာဖွေတာလား။ ထွန်းနိုင်ရှာဖွေခဲ့တဲ့ ချစ်ခြင်းပုံစံနဲ့ ကျွန်တော့်ရဲ့ချစ်ခြင်းပုံစံက တော်တော်လေးကို ဆင်ပါတယ်။ ကျွန်တော် ဘဝလက်တွဲဖော်ရွေးချယ်တဲ့အခါမှာ အဲလိုမျိုးရွေးချယ်ဖြစ်တာ များပါတယ်။ ဒီဇာတ်ကားက ထွန်းနိုင်က သူကသာ အချစ်တတ်ဆုံးပါ။ တကယ်တော့ ထွန်းနိုင်က မြလေး@ဆုထက်လှိုင်ကိုရော၊ နိုနို@မုဏ်းဆိုတဲ့ သူကိုမှာ နှစ်ယောက်လုံးကို မျှပြီး ချစ်ပေးခဲ့တာပါ။ ဒီကားကို ကြည့်ပြီး ပရိသတ်တွေ မျက်ရည်ကျရတယ်ဆိုလို့ပျော်ပါတယ်”လို့ သရုပ်ဆောင် ကောင်းမြတ်စံက ပြောပါတယ်။
အဆိုပါ ဇာတ်လမ်းတွဲကတော့ တစ်ချိန်ကနာမည်ကြီးတဲ့ ဝတ္ထုကို ဇာတ်ညွှန်း ဟေမာစန်း၊ ဟိန်းဇော်ဦးနဲ့ အေးချမ်းမွန်တို့က ရေးသားပြီး တွဲဖက်ဒါရိုက်တာ ငြိမ်းကိုသက် (ဇမ္ဗူထွန်း)၊ ဒါရိုက်တာ ဇမ္ဗူထွန်းသက်လွင်က ကောင်းမြတ်စံ၊ မုဏ်း၊ ဆုထက်လှိုင် စတဲ့သရုပ်ဆောင်ပေါင်းများစွာနဲ့ အချစ်ဇာတ်လမ်းကို ပုံဖော်ခဲ့တာပါ။
“အချစ်ဆုံးသူရဲ့အတ္ထုပ္ပတ္တိ” ဇာတ်လမ်းတွဲက ဇူလိုင် ၂၄ ရက်မှာ ဇာတ်သိမ်းသွားပြီးတော့ မြလေးကာရိုက်တာ မိန်းကလေးကတော့ အချစ်အတွက်နဲ့ဘဝကို အဆုံးစီရင်ခဲ့သူလည်းဖြစ်ပါတယ်။
#ကောင်းမြတ်စံ #မုဏ်း #ဆုထက်လှိုင် #KaungMyatSan #SuHtetHlaing #Mone #MRTV4 #အချစ်ဆုံးသူရဲ့အတ္ထုပ္ပတ္တိဇာတ်လမ်းတွဲ




