သတိုး
၂၄. ၇. ၂၀၂၅
ထိုင်း – ကမ္ဘောဒီးယား စစ်ပွဲ တစ်နေ့တာအတွင်း ထိုင်းဘက်က စုစုပေါင်း ၁၄ ဦး သေဆုံးကာ လူ ၅၀ ခန့် ဒဏ်ရာရခဲ့ကြောင်း ထိုင်းသတင်းဌာနများက ဖော်ပြထားသည်။
ဇူလိုင်လ ၂၄ ရက်နေ့ ညပိုင်းတွင် ထိုင်းနိုင်ငံ ပြည်သူ့ကျန်းမာရေးဝန်ကြီးဌာန ပြောရေးဆိုခွင့် ရှိသူ ဒေါက်တာ ဝါရွတ် ချိုတီပီတာယာဆူနွန်က ထိုင်း-ကမ္ဘောဒီးယား နယ်စပ်ပဋိပက္ခမှ ထိခိုက်သေဆုံးမှု ကိန်းဂဏန်း အချက်အလက်များကို ထုတ်ပြန်ခဲ့ရာ ည ၉ နာရီအထိ သေဆုံးသူ ၁၄ ဦးအထိ တိုးလာခဲ့ပြီး ဒါဇင်ပေါင်းများစွာ ဒဏ်ရာရရှိခဲ့သည်။

ထိခိုက်သေဆုံးမှုများမှာ အရပ်သား သေဆုံးသူ ၁၃ ဦးရှိပြီး ဒဏ်ရာရရှိသူ ၃၂ ဦး (ပြင်းထန် ၇ ဦး၊ အသင့်အတင့် ၁၃ ဦး၊ အနည်းငယ် ၁၂ ဦး) ရှိသဖြင့် စုစုပေါင်း အရပ်သား ၄၅ ဦး ထိခိုက်သေဆုံးခဲ့ရသည်။
ထိုင်းစစ်ဘက်ဝန်ထမ်းများတွင် သေဆုံးသူ ၁ ဦးရှိခဲ့ပြီး ဒဏ်ရာရရှိသူ ၁၄ ဦး (ပြင်းထန် ၆ ဦး၊ အသင့်အတင့် ၅ ဦး၊ အနည်းငယ် ၃ ဦး) ရှိသဖြင့် စုစုပေါင်း စစ်ဘက်ဝန်ထမ်း ၁၅ ဦး ထိခိုက်သေဆုံးခဲ့သည်။
သေဆုံးသူ အရေအတွက် တိုးလာခြင်းနှင့် ဒဏ်ရာရရှိသူများ များပြားလာခြင်းက ထိုင်း- ကမ္ဘောဒီးယား နယ်စပ်တစ်လျှောက်ရှိ ပြည်နယ်များစွာကို လွှမ်းခြုံထားသည့် နယ်စပ်ပဋိပက္ခ၏ ပြင်းထန်မှုကို မီးမောင်းထိုးပြနေသည်။
Ref, Khaosod
