၂၄.၇.၂၀၂၅
Written By Zun
ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့တွင် အမျိုးသမီးနှစ်ဦး သေနတ်ဖြင့် ပစ်သတ်ခံရမှု ယနေ့ ဇူလိုင်လ ၂၄ ရက် ညနေ ၃ နာရီကျော် အချိန်က ဖြစ်ပွားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
အဆိုပါ ဖြစ်စဉ်မှာ မူဆယ်မြို့ မီးသတ်ရုံးအနီးတွင် ဖြစ်ပွားခဲ့ကာ အမျိုးသမီးနှစ်ဦးကို အမည်မသိအမျိုးသားနှစ်ဦးက သေနတ်ဖြင့် ပစ်သတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“မူဆယ်မှာက အကြမ်းဖက်အဖွဲ့တွေဟာ အသွင်ယူပြီး သွားလာနေတာ ရှိတယ်။ လူတိုင်းသိတယ်။ ဒီဖြစ်စဉ်က ဘယ်သူ သတ်တယ်ဆိုတာ မသိရသေးပေမဲ့ ပုဂ္ဂိုလ်ရေး မကျေနပ်ချက်နဲ့ လုပ်တာလို့ပဲ ကောက်ချက်ချထားကြတယ်။ ဘာလို့လဲဆိုတော့ ပစ္စည်းလုယူတာမရှိဘူးလေ။ အခုတော့ သက်ဆိုင်ရာ လုံခြုံရေးအဖွဲ့က ဒီ ဖြစ်စဉ်ကို စုံစမ်းနေကြတယ်”ဟု မြို့ခံတစ်ဦးက MT News ကို ပြောသည်။
သေဆုံးသူ အမျိုးသမီးနှစ်ဦးမှာ မည်သူမည်ဝါ ဖြစ်ကြောင်းလည်း မသိရသေးသည့်အတွက် စုံစမ်းလျက်ရှိပြီး ရုပ်အလောင်းများကို ဆေးရုံသို့ ပို့ဆောင်ထားကြောင်းလည်း သိရသည်။ (ဓာတ်ပုံ – CJ)
