၂၄.၇.၂၀၂၅
Written by KL
ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြိုနယ်၊ ကျောင်းကုန်းကျေးရွာ၊ အမှတ်(၄)လမ်းမကြီးဘေးရှိ ဒဂုံအဖျော်ယမကာစက်ရုံတွင် ယမန်နေ့ကဖြစ်ပွားခဲ့သော မီးလောင်မှုမှာ အီသနော (Ethanol) သိုလှောင်ကန်ထဲသို့ လျှပ်စစ်စီးဆင်းရာမှ မီးစတင်လောင်ကျွမ်းမှုဖြစ်ပွားရခြင်းဖြစ်ကြောင်း စစ်ဆေးသူများ၏ အတည်ပြုချက်အရ သိရသည်။
ဖြစ်စဥ်မှာ အလျား ပေ ၅၀၀ x အနံ ၂၀၀၀ ပေ ရှိသော “ဒဂုံအဖျော်ယမကာစက်ရုံဝန်း”အတွင်းရှိ ဂါလန် ၃၆၀၀၀ ဆံ့ အီသနော သိုလောင်ကန်တွင် ဇူလိုင်လ ၂၃ရက် နံနက် ၉ နာရီ ၂၀ မိနစ်ခန့်က တပ်ဆင်ထားသည့် မိုးကြိုးလွှဲကို မိုးကြိုးပစ်ချရာမှ လျှပ်စစ် Current မှာ Ground Earth သို့ စီးဆင်းမှုမရှိဘဲ Ground Earth နှင့် သွယ်တန်းထားသည့် Earth Box မှာ Lose Connection ဖြစ်ပြီး သိုလှောင်ထားသော အီသနော (Ethanol) သိုလှောင်ကန်ထဲသို လျှပ်စစ်စီးဆင်းရာမှ မီးစတင်လောင်ကျွမ်းမှုဖြစ်ပွားကြောင်း သိရသည်။
တစ်နာရီခန့် ကြာသော မီးလောင်မှုကြောင့် ဂါလန် ၃၆၀၀၀ ဆံ့ အီသနော သိုလောင်ကန်ရှိ အရက်ဆီ ၅၂၀ ဂါလန် ဆုံးရှုံးခဲ့ကြောင်း သိရသည်။
မီးလောင်မှုကို ရန်ကုန်တိုင်းဒေသကြီးရှိ မီးသတ်စခန်းများမှ သန္ဓေနှင့် အရန်မီးသတ်တပ်ဖွဲဝင်များက အုပ်ချုပ်မှုယာဉ် ၃ စီး၊ မီးငြှိမ်းသတ်ယာဉ် ၁၃ စီး၊ ရေသယ်ယာဉ် ၁၄ စီးတို့ဖြင့် သွားရောက်ငြှိမ်းသတ်ခဲ့ရာ နံနက် ၁၀ နာရီ ၄ မိနစ်တွင် မီးငြိမ်းခဲ့ကြောင်း သိရသည်။
