၁၈. ၇. ၂၀၂၅
Translated by Thettant
ထိုင်းဘားမယ်ကို အိန္ဒိယနိုင်ငံသားသုံးယောက်က လိင်ဆက်ဆံဖို့ ကြိုက်ကြေးပေး ခေါ်လာပေမဲ့ ရင်သားသေးနေလို့ အကြိုက်မတွေ့တာကြောင့် ရဲခေါ် ဖမ်းခိုင်းမှု ထိုင်းနိုင်ငံမှာဖြစ်ပွားခဲ့ပါတယ်။
ဖြစ်စဥ်က ဒီနေ့ ဇူလိုင် ၁၈ ရက်ကူးစ ညသန်းခေါင်ကျော်မှာ ပတ္တရားမြို့ရဲစခန်းဆီ အိန္ဒိယခရီးသွား ၃ ဦးထံက အကူအညီတောင်းခံမှုတစ်ရပ် ရောက်ရှိခဲ့ပြီး သူတို့က ထိုင်းအမျိုးသမီးတစ်ဦးဟာ သူတို့အခန်းထဲ ဝင်ရောက်လာပြီး ပြန်ထွက်ဖို့ ငြင်းဆန်နေကြောင်း တိုင်ကြားခဲ့တာပါ။
ဒီ ဖြစ်ရပ်က ပတ္တရားမြို့ Nong Prue, Bang Lamung က Soi Liap Chai Hat Pattaya 11 မှာရှိတဲ့ ဟိုတယ်တစ်ခုမှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး ပတ္တရားရဲတပ်ဖွဲ့က ရဲအရာရှိတွေကို စုံစမ်းစစ်ဆေးဖို့ စေလွှတ်ခဲ့ပါတယ်။
ရဲတပ်ဖွဲ့ရောက်လာချိန် ဟိုတယ်အခန်းထဲမှာ အသက် ၃၅ နှစ်ကနေ ၄၀ နှစ်ကြား ထိုင်းအမျိုးသမီးတစ်ဦး ထိုင်နေတာကို တွေ့ရှိရပါတယ်။ သူမဟာ ရဲတွေကို မြင်လိုက်ရချိန် အံ့အားသင့်သွားခဲ့ပေမဲ့ ဘာအမှားလုပ်မိတယ်ဆိုတာကို မသိခဲ့ပါဘူး။ ဒါပေမဲ့ သူမက အိန္ဒိယကလာတဲ့ နိုင်ငံခြားသားခရီးသွားတွေနဲ့ အခန်းဆီမလာမီ တစ်ဦးကို ဘတ် ၃,၀၀၀ နဲ့ သဘောတူခဲ့ကြောင်းနဲ့ သူမက ဘတ် ၁,၀၀၀ ကို စရန်ငွေအဖြစ် ရရှိခဲ့ကြောင်း ထွက်ဆိုခဲ့ပါတယ်။
ဒါပေမဲ့ သူမရောက်ရှိလာတဲ့ အိန္ဒိယနိုင်ငံသားသုံးဦးက သူမဟာ ရင်သား သေးလွန်းကြောင်းနဲ့ ခန္ဓာကိုယ်ပုံသဏ္ဌာန်က သူတို့ မျှော်လင့်ချက်နဲ့ မကိုက်ညီကြောင်း ပြောဆိုကာ မကျေမနပ်ဖြစ်ခဲ့ကြပါတယ်။ ဒီလိုသဘောမကျပေမဲ့ သူမက တစ်ဦးဘတ် ၃၀၀၀ နဲ့ လိုက်လာပြီး လိင်ဆက်ဆံဖို့ နှစ်ဖက် သဘောတူညီပြီးသားဖြစ်လို့ ကျန်ငွေကို တောင်းဆိုပြီး အခန်းက ထွက်ခွာဖို့ ပြင်ဆင်နေခဲ့ပါတယ်။ ဒါပေမဲ့ အိန္ဒိယခရီးသွားတွေက သူမကို လှည့်ဖြားခဲ့ပြီး ငွေလဲလှယ်ဖို့ အောက်ထပ် ဆင်းမှာဖြစ်ကြောင်း ပြောခဲ့လို့ သူမစောင့်နေချိန် အိန္ဒိယနိုင်ငံသားတွေက ရဲတွေနဲ့အတူ ပြန်လာခဲ့တာပါ။
အိန္ဒိယအမျိုးသား ၃ ဦးကလည်း ဖျော်ဖြေရေးနေရာက ဘားမယ်တစ်ဦးရဲ့ ဝန်ဆောင်မှုကို လိင်မှုကိစ္စအတွက် ငှားရမ်းလာခဲ့ကြောင်း ဝန်ခံခဲ့ပါတယ်။ သို့ပေမဲ့ အမျိုးသမီးက အဝတ်အစား ချွတ်လိုက်တဲ့အခါ သူမ ခန္ဓာကိုယ်ပုံသဏ္ဌာန်က သူတို့ စိတ်ကူးထားတဲ့အတိုင်း မဟုတ်လို့ အမျိုးသမီးကို အခန်းက ထွက်ခွာဖို့ တောင်းဆိုခဲ့ပေမဲ့ သူမက ငြင်းဆန်ပြီး ကျန်ငွေကို တောင်းဆိုခဲ့တာကြောင့် သူတို့က အမျိုးသမီးကို ဖမ်းဆီးဖို့ ရဲစခန်းကို တိုင်ကြားခဲ့ကြတာပါ။
ရဲတပ်ဖွဲ့က နှစ်ဖက်စလုံးကို ညှိနှိုင်းဖို့ ညွှန်ကြားခဲ့ပြီး သဘောတူညီမှုမရရှိရင် နှစ်ဖက်စလုံးကို ဥပဒေအရ အရေးယူဆောင်ရွက်သွားမယ်လိို့ သတိပေးခဲ့ရာမှာတော့ နှစ်ဖက်စလုံးဟာ အငြင်းပွားငွေကြေးကိစ္စကို ပြေလည်အောင်ညှိနှိုင်းရာမှာ ဘားမယ်က ယူထားတဲ့ ဘတ် ၁၀၀၀ အိန္ဒိယနိုင်ငံသားတွေဆီ ပြန်ပေးပြီး ကိုယ့်လမ်းကိုယ်သွားခဲ့တာကြောင့် အငြင်းပွားမှု ဆက်မဖြစ်တော့သလို ရဲတွေကလည်း ဘယ်သူ့ကိုမှ အရေးမယူခဲ့ပါဘူး။
Ref, Khaosod
