နေမိုး
၁၅. ၇. ၂၀၂၅
NUG လက်အောက်ခံ ဂန့်ဂေါမြို့နယ် တောင်ပိုင်းတိုက်နယ် ပအဖတာဝန်ခံ ယောပေါ်သည် ၂၀၂၅ ခုနှစ်၊ မေလ၊ ဒုတိယပတ်က ပြင်သာရွာနေ အသက် ၁၄ နှစ်ခန့်အရွယ် မပြည့်ဖူးခိုင်ဆိုသည့် တူမအရင်းတော်စပ်သူ မိန်းကလေးငယ်အား အလိုမတူဘဲ သားမယားအဖြစ် သက်ငယ်မုဒိမ်းပြုကျင့်ခဲ့ကြောင်း သိရသည်။
ထိုဖြစ်စဉ်နှင့် ပတ်သက်ပြီး Yaw Info က သတင်းဖော်ပြရာတွင် ရွာအမည်၊ မိန်းကလေးအမည်နှင့် တူမတော်စပ်မှုကို ဖုံးကွယ်ဖော်ပြခဲ့ပြီး တောင်ပိုင်းတိုက်နယ်ပအဖတာဝန်ခံယောပေါ်သည် အမျိုးသမီးငယ်အား သရက်သီးကောက်သွားမည်ဟုဆိုကာ ဖြားယောင်းလိမ်လည်ခေါ်ဆိုခဲ့ကာ ၎င်းရွာနှင့်အနီး သရက်ခြံသို့အရောက်တွင် အသက်မပြည့်သေးသည့် မိန်းကလေးအား သားမယားအဖြစ် ကျူးလွန်ရန် ကြိုးစားခဲ့ကြောင်း သိရသည်ဟုသာ မုဒိမ်းမှုမမြောက်ခဲ့ကြောင်း ဖော်ပြခဲ့သည်။
သို့သော် ထိုဖြစ်စဥ်အား ဂန့်ဂေါမြိုနယ် ပလဖ တာဝန်ခံ ပေါက်ကလေး(ခ) ဦးတင်မြတ်မှ အမှူဖြေရှင်းရာတွင် ၎င်းတိုနှင့် ပဏာစားသည့် ပအဖ၊ ပကဖနှင့် ပလဖ အဖွဲ့ဝင်အချို့ကိုသာ ခေါ်ဆောင်ခဲ့ပြီး ကျူးလွန်ခံရသည့် ကာယကံရှင် မိန်းကလေးဘက်အား ဖိအားပေးခြိမ်းခြောက်ကာ သိန်း ၁၄၀ ဖြင့်သာကြေအေးရန် ဖိအားပေးစေခိုင်းခဲ့ကြောင်း၊ အခြားသော ပအဖ၊ ပကဖ၊ ပလဖ တာဝန်ခံများမှ ထိုအမှူဖြစ်စဥ်အား သိလိုကြောင်း ပြောဆိုခဲ့သော်လည်း ဂန့်ဂေါမြို့နယ် ပလဖ တာဝန်ခံ ပေါက်ကလေး(ခ) ဦးတင်မြတ်မှ မည်သူမျှ သိခွင့်မရှိကြောင်းပြောဆိုပြီး အမှူအား ဖုံးကွယ်ထားခဲ့ကြောင်း သိရပါသည်ဟု ဖော်ပြခဲ့သည်။
ဂန့်ဂေါတောင်ပိုင်းတိုက်နယ် ပအဖတာဝန်ခံ ယောပေါ်သည် ၎င်းဖြစ်စဥ် မတိုင်ခင်ကလည်း ၎င်းနှင့် ရင်းနှီးသည့် မိန်းကလေးငယ်များအား ဖြားယောင်းလိမ်လည် ခေါ်ဆောင်၍ ကာယိအိန္ဒြေပျက်ပြားစေရန် ကျူးလွန်မှုများ ရှိခဲ့ကြောင်းသိရသည်ဟုလည်း ပြောသည်။
MT News က စုံစမ်း သိရှိထားမှုအရ ယောပေါ်သည် အသက် ၃၅ နှစ်ခန့်ရှိပြီး ပြင်သာရွာသားပင်ဖြစ်ကာ အိမ်ထောင်ရှိသူလည်းဖြစ်ကြောင်း၊ တူမအရင်းဖြစ်သူအား ယခုနှစ် မတ်လမှ စတင်ကာ အကြိမ်ကြိမ် သက်ငယ်မုဒိမ်းပြုကျင့်ခဲ့သည်ကို ရပ်ရွာက ဖမ်းမိပြီးနောက် ကျပ်သိန်းရာချီပေးပြီး ကြေအေးခဲ့ခြင်းဖြစ်ကြောင်း၊ ထိုဖြစ်စဉ်ကို NUG ၏ PDF နှင့် ပသုံးလုံးများအားလုံးက ဝိုင်းဝန်းဖုံးဖိပေးထားကာ ယောပေါ်အားဖြုတ်ချပြီး မင်းရွာမှ ငြိမ်းချမ်းလင်း ဆိုသူကို ယောပေါ်၏နေရာတွင် တာဝန်ပေးခဲ့ကာ ယောပေါ်ကို မည်သူမျှ ဒုက္ခမပေးနိုင်စေရန် မြိုင်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ အုပ်ချုပ်နေပြီး ရေနံထုတ်လုပ်ရာ အညာဒူဘိုင်းနေရာသို့ ပို့ပေးထားသဖြင့် ယောပေါ်က သူ၏ သက်ငယ်မုဒိမ်းမှုအကြောင်း ဖော်ထုတ်မည့်သူများကို လက်နက်အားကိုးခြိမ်းခြောက်ထားသဖြင့် မည်သူကမျှ ဖော်ထုတ်ဝေဖန်ရဲခြင်းမရှိကြောင်း သိရသည်။
